Africa & Middle East
အီရန် နျူကလီးယားသဘောတူညီချက်မှ အချိန်မရွေးနုတ်ထွက်နိုင်ဟု အီရန် သမ္မတ ဆို
တီဟီရန်၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ)
အီရန်နိုင်ငံအနေဖြင့် နိုင်ငံ၏အကျိုးအမြတ်နှင့်လုံခြုံရေးအတွက် လိုအပ်ပါက အီရန်နျူကလီးယား သဘော တူညီချက်မှ အချိန်မရွေးနုတ်ထွက်နိုင်သည်ဟု အီရန်သမ္မတ Hassan Rouhaniက ပြောကြားခဲ့ ကြောင်း သိရသည်။
အမေရိကန် အစိုးရအနေဖြင့် အီရန်၏လက်ရှိအချုပ်အခြာအာဏာကို ထိပါးရန် ကြိုးစားနေကြောင်း၊ နှစ်ပေါင်း ၄၀ အတွင်းတွင် လက်ရှိအမေရိကန်အစိုးရကဲ့သို့ အီရန်ကိုရန်လိုသည့် အာဏာရ အဖွဲ့အစည်း တစ်ခုမျှမရှိခဲ့ကြောင်း ၊ အမေရိကန်က အီရန်ကို စိတ်ဓာတ်စစ်ဆင်ရေးများ လုပ်ဆောင် နေပြီး စီးပွားရေးအရ တိုက်ခိုက်မှုများ လုပ်ဆောင်ကာ အာဏာအပြောင်းအလဲဖြစ်စေရန် လုပ်ဆောင် နေကြောင်း ၊ အီရန်အနေဖြင့် စည်းလုံးညီညွတ်မည်ဆိုလျှင် အမေရိကန်၏ အကြံစည်အားလုံးကို တွန်းလှန်နိုင်မည်ဖြစ်ကြောင်း သမ္မတ Hassan Rouhaniက အောက်တိုဘာ ၁၄ ရက် တီဟီရန် တက္ကသိုလ်တွင် မိန့််ခွန်းပြောကြားစဉ်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ထရမ့်က ယခုနှစ် မေလတွင် အီရန်နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး သြဂုတ်လတွင် အီရန်အပေါ် ပိတ်စို့မှုအချို့ကို ပြန်လည်လုပ်ဆောင် ခဲ့သည်။ အမေရိကန်အစိုးရ၏ အဆိုရ အီရန်၏ ရေနံလုပ်ငန်း၊ ဘဏ်လုပ်ငန်းစသည့် ကဏ္ဍများတွင် ပိတ်စို့မှုများကို နိုဝင်ဘာလတွင် ပြန်လည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)