Connect with us

Africa & Middle East

ယီမင် နိုင်ငံ တွင် တာဝန်မကျေပွန်မှုကြောင့် ဝန်ကြီးချုပ် ထုတ်ပယ် ခဲ့ရ

ယီမင် နိုင်ငံ သမ္မတ Abdrabbuh Mansur Hadi အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကူဝိတ်စီးတီး ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

ယီမင် နိုင်ငံ သမ္မတ Abdrabbuh Mansur Hadi က အောက်တိုဘာ ၁၅ ရက် ၌ လက်ရှိ ဝန်ကြီးချုပ် Ben Dager အား ရာထူး မှ ထုတ်ပယ်ပြီး Abdulmalik Saeed အား ဝန်ကြီးချုပ် အသစ် အဖြစ် ခန့်အပ်ကြောင်း လက်မှတ်ရေးထိုး ခဲ့သည်။

ယီမင် နိုင်ငံပိုင် သတင်း ဌာန ၏ ဖော်ပြချက်အရ ယီမင် သမ္မတ ထုတ်ပြန် ခဲ့သည့် အမိန့်ကြေညာချက် တွင် Ben Dager က တာဝန်ထမ်းဆောင်စဉ် အတွင်း စီးပွားရေး နှင့် အုပ်ချုပ်ရေး ပိုင်းတွင် တာဝန်ကြေပွန်စွာ ထမ်းဆောင် ခဲ့ခြင်း မရှိသောကြောင့် ရာထူး မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ပြီး ၎င်းအား သက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

Ben Dager အနေဖြင့် ၂၀၁၆ ခုနှစ် ဧပြီလ တွင် ယီမင် နိုင်ငံ ဝန်ကြီးချုပ် အဖြစ် စတင် တာဝန် ထမ်းဆောင် ခဲ့ခြင်း ဖြစ်ပြီး Abdulmalik Saeed က ၂၀၁၇ ခုနှစ် ဧပြီလ တွင် ယီမင် နိုင်ငံ အများပြည်သူ စီမံကိန်း ဝန်ကြီးဌာန ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာ လပိုင်း တွင် ယီမင် ဟူသီ လက်နက်ကိုင် တပ်ဖွဲ့ မှ ယီမင် နိုင်ငံ မြို့တော် ကို သိမ်းပိုက် ခဲ့ပြီး နောက် သမ္မတ Abdrabbuh Mansur Hadi သည် ဆော်ဒီအာရေဗျ နိုင်ငံ သို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရသည်။ ၂၀၁၅ ခုနှစ် မတ်လပိုင်း တွင် ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်းတပ်ဖွဲ့သည် ဟူသီ လက်နက်ကိုင် တပ်ဖွဲ့ အား တိုက်ခိုက်သည့် စစ်ဆင်ရေး ကို စတင်ခဲ့သည်။ ယီမင် နိုင်ငံ တွင် ဟူသီ လက်နက်ကိုင် တပ်ဖွဲ့ နှင့် ယီမင် နိုင်ငံ အစိုးရ အား ထောက်ခံ သည့် တပ်ဖွဲ့ အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် နိုင်ငံ စီးပွားရေး မှာလည်း ပြိုလဲမည့် အခြေအနေ နှင့် ကြုံတွေ့နေရပြီး လူသားချင်း စာနာထောက်မထားမှု အကူအညီ အရေးပေါ် လိုအပ်နေကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.