Connect with us

Africa & Middle East

အာဖဂန်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် IS စစ်သွေးကြွ ၇ဦးသေဆုံး

အာဖဂန်တပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ပြည်နယ် ၂ခုတွင် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အနည်းဆုံး IS စစ်သွေးကြွ ၇ဦး သေဆုံးခဲ့ကြောင်း အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

အာဖဂန်လေတပ်တပ်ဖွဲ့သည် Nangarhar ပြည်နယ် ရှိ Pachir Wa Agam ခရိုင် နှင့် အိမ်နီးချင်း Kunar ပြည်နယ် ရှိ Dara-i-Pech ခရိုင်ရှိ IS စစ်သွေးကြွ၏ ပုန်းခိုရာစခန်း၂ခုကို တိုက်ခိုက်ခဲ့ပြီးနောက် စစ်သွေးကြွများသေဆုံးခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတောင်ထူထပ်သော ပြည်နယ်များတွင် ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားများ သေဆုံးမှုမရှိကြောင်း သိရသည်။

အာဖဂန်နစ္စတန်၌ အောက်တိုဘာ ၂၀ ရက်တွင် ကျင်းပရန် စီစဉ်ထားသော ပါလီမန်ရွေးကောက်ပွဲများအတွက် အမေရိကန်ဦးဆောင်သော နေတိုးမဟာမိတ်တပ်ဖွဲ့ဝင်များက ကျောထောက်နောက်ခံပေးထားသည့် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လွန်ခဲ့သော လအနည်းငယ်အတွင်း မြေပြင် နှင့် ဝေဟင်စစ်ဆင်ရေးများပြုလုပ်ကာ စစ်သွေးကြွများနှိမ်နှင်းမှုကို တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

လာမည့် ရွေးကောက်ပွဲကာလအတွင်း နိုင်ငံတစ်ဝန်းရှိ မဲရုံ ၅,၁၀၀ တွင်လုံခြုံရေးဆောင်ရွက်ရန် အာဖဂန်စစ်သား နှင့် ရဲတပ်ဖွဲ့ဝင် ၅၄,၀၀၀ ကျော် ကို ဖြန့်ကျက်ထားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.