Connect with us

Africa & Middle East

အီရန် နျူကလီးယားသဘောတူညီချက်ပါ အကြောင်းအရာတစ်ချို့ကို ထပ်မံတစ်ဆင့်တိုး ရပ်ဆိုင်းရန် ရိုဟာနီ ကြေညာ

အီရန်နိုင်ငံရှိ Bushehr နျူကလီးယား ဓါတ်အားပေးစက်ရုံအား တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန်၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ)

အီရန်နျူကလီးယားသဘောတူညီချက်ပါ အကြောင်းအရာတစ်ချို့ကို ထပ်မံရပ်ဆိုင်းမည်ဟု အီရန်သမ္မတ ရိုဟာနီက စက်တင်ဘာ ၄ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

အီရန်အနေဖြင့် နျူကလီးယားသဘောတူညီချက်ပါအကြောင်းအရာတစ်ချို့ကို တတိယအဆင့်အနေဖြင့် ရပ်ဆိုင်းရန် မကြာမီကြေညာသွားမည်ဖြစ်ကြောင်း IRNA သတင်းအေဂျင်စီက ရိုဟာနီ၏ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။ ဆောင်ရွက်မှုအသစ်များက အရေးပါသည့် သက်ရောက်မှုများ ဖြစ်လာနိုင်သည်ဟု ရိုဟာနီက ဆိုသည်။

အခြား သက်ဆိုင်ရာနိုင်ငံများ လုပ်ဆောင်သင့်သည်များကို မဆောင်ရွက်ပါက အီရန်အနေဖြင့် နှစ်ရက်အတွင်း ၂၀ ရာခိုင်နှုန်း သန့်စင် ယူရေနီယံ ပြန်လည် ထုတ်လုပ်သွားနိုင်ကြောင်း အီရန် အဏုမြူစွမ်းအင် အဖွဲ့(AEOI)အရာရှိတစ်ဦးက စက်တင်ဘာ ၃ ရက်တွင်ပြောကြားခဲ့သည်။

အီရန်နျူကလီးယား သဘောတူညီချက်မှ အမေရိကန် တစ်ဖက်သတ်နုတ်ထွက်မှုနှင့် အီရန်အပေါ်ပိတ်ဆို့မှုများကို တုန့်ပြန်သည့်အနေဖြင့် ယခုနှစ် မေလမှစ၍ အီရန်သည် သဘောတူညီချက်ပါအကြောင်းအရာတစ်ချို့ကို နှစ်ဆင့်ခွဲရပ်ဆိုင်းမှုများ ပြုလုပ်ခဲ့ရာ အားပြည့် ယူရေနီယံနှင့် Heavy water(D2O) သိုလှောင်မှု ကန့်သတ်ချက်နှင့် ယူရေနီယံ သန့်စင်မှု ၃.၆၇ ရာခိုင်နှုန်းအောက်ရှိရမည်ဟူသော ကန့်သတ်ချက်များ ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.