Connect with us

Africa & Middle East

ကဘူးလ်မြို့တွင် ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၁၀ ဦးသေဆုံး၊ ၄၂ ဦး ဒဏ်ရာရရှိ


ကဘူးလ်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၊ ရဲခရိုင် အမှတ် ၉ ရှိ ရှာ့ဒါရက်နယ်မြေတွင် စက်တင်ဘာလ ၅ ရက်၌ ကားဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ ဦးသေဆုံးသွားကြောင်း၊ သေဆုံးသူအားလုံးမှာ အရပ်သားများဖြစ်ကြောင်းနှင့် အခြားလူ ၄၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်စ်ရတ် ရာဟီမီ (Nasrat Rahimi) က ပြောခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုမှာ ဒေသစံတော်ချိန် နံနက် ၁၀ း ၁၀ နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အရပ်သား ၁၀ ဦး သေဆုံးပြီး အခြားလူ ၄၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရာဟီမီက ဆင်ဟွာသို့ ပြောခဲ့သည်။

ထို့ပြင် ပေါက်ကွဲမှုကြောင့် အရပ်သားများ၏ ကား ၁၀ စီးခန့် ပျက်စီးသွားခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် ဖြစ်ပွားခဲ့သည့် ကားဗုံးပေါက်ကွဲမှုအတွင်း ဒဏ်ရာရသူများအား တွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် ဖြစ်ပွားခဲ့သည့် ကားဗုံးပေါက်ကွဲမှုအတွင်း ဒဏ်ရာရသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ထို ပေါက်ကွဲမှုမှာ တာလီဘန်စစ်သွေးကြွများက ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ အများအပြား သေဆုံးစေရန် ရည်ရွယ်ကာ အမျိုးသားလုံခြုံရေးဦးစီးဌာနရုံးနေရာအား ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ပြောကြားထားသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာမှာ အမေရိကန် သံရုံးနှင့် နေတိုး (NATO) ဦးဆောင်သည့် Resolute Support Mission တို့ တည်ရှိရာ အမျိုးသားလုံခြုံရေးဦးစီးဌာနရုံးနေရာရှိ ရဲစစ်ဆေးရေးဂိတ် နံဘေးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.