Connect with us

Africa & Middle East

ပြောင်းလဲနေသောကမ္ဘာကြီး၌ တိုးထွက်လာသော အာဖရိက

ကင်ညာနိုင်ငံ မီးရထားဘူတာရုံတစ်ခု၌ ဓာတ်ပုံရိုက်နေသော လူငယ်တစ်ဦးအားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ)

လွန်ခဲ့သော တစ်နှစ် ၊ ၂ဝ၁၈ ခုနှစ်က ပေကျင်းမြို့၌ ကျင်းပသော တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနား၌ တရုတ်သမ္မတရှီကျင့်ဖိန်က အာဖရိကတိုက်တွင် ဖွံ့ ဖြိုးတိုးတက်မှုရန် အလားအလာအလွန်ကောင်းနေကြောင်း နှင့် အဆိုပါ ကြီးမားသော တိုက်ကြီးသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

၂၁ ရာစု၏ ပထမဆယ်စုနှစ်တွင် ကမ္ဘာ့စီးပွားရေးအလျင်အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံ ၁ဝ နိုင်ငံအနက် ၆ နိုင်ငံမှာ အာဖရိက ဆာဟာရတိုက်ခွဲ ဒေသမှ ဖြစ်ကြောင်းကိုလည်းတွေ့ရှိခဲ့ရသည်။ ဆယ်စုနှစ်များစွာ ကြိုးစား အားထုတ်ခဲ့ပြီးနောက်တွင် အာဖရိကတိုက်သည် ယခုအခါ တည်ငြိမ်သောဖွံ့ဖြိုးတိုးတက်မှုအတွက် အစစ်အမှန်အခွင့်အလမ်းတစ်ခု ရရှိခဲ့သလို နိုင်ငံတကာစာမျက်နှာတွင် ၎င်း၏အဆင့်ကို မြှင့်တင်ရန် အရှိန်အဟုန် ရရှိခဲ့ပြီးဖြစ်သည်။

အီသီယိုးပီးယားနိုင်ငံ၌ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သည့် အာဖရိကသမဂ္ဂ အစည်းအဝေးမြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

အီသီယိုးပီယားနိုင်ငံရှိ ဖိနပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်နေသူအားတွေ့ရစဉ်(ဆင်ဟွာ)

နိုင်ငံရေးတည်ငြိမ်မှုရှိခြင်း

၁၈၉၆ ခုနှစ် မှ ၁၉၀၁ ခုနှစ်အတွင်း ဗြိတိသျှကိုလိုနီအစိုးရသည် တင်းတင်းကျပ်ကျပ်ထိန်းချုပ်နိုင်ရန်အတွက် ကင်ညာနိုင်ငံ Mombasa ဆိပ်ကမ်းမြို့နှင့် ယူဂန္ဓာနိုင်ငံအကြား လမ်းအကျယ်တစ်မီတာရှိသော ရထားလမ်းတစ်ခုကို ချိတ်ဆက်ဖောက်လုပ်ခဲ့ရာ ယင်း “ ဗြိတိသျှအရှေ့အာဖရိက” ရထားလမ်းပိုင်းသည် ကိုလိုနီအစိုးရ၏ အာဖရိကတိုက်ကို ဖိနိုပ်အုပ်ချုပ်မှုသမိုင်းအား သက်သေခံချက်တစ်ခုဖြစ်ခဲ့သည်။

ဆယ်စုနှစ်များစွာ ကိုလိုနီအုပ်ချုပ်မှုစနစ်ကို ခက်ခက်ခဲခဲရုန်းကန်တွန်းလှန်ခဲ့ပြီးနောက် အာဖရိကနိုင်ငံအများစုသည် ၁၉၆၀ ပြည့်လွန်နှစ် နှင့် ၁၉၇၀ ပြည့်လွန်နှစ်များတွင် လွတ်မြောက်လာခဲ့ကြသည်။

သို့သော် ကိုလိုနီစနစ်၏ ပိန်းပိတ်သော တိမ်တိုက်များသည် အာဖရိကတိုက်ငယ်အပေါ် အရိပ်မည်းကြီးအဖြစ် ဆက်လက်မိုးထားရာ နိုင်ငံအများစုတွင် အနောက်တိုင်းကိုလိုနီစနစ်၏ ဆိုးမွေးများကြောင့် ဘောင်သွင်းခံထားရသော ဒီမိုကရေစီစနစ် ၊ လူမျိုးစု နှင့် ဘာသာရေးပဋိပက္ခများကဲ့သို့သော သမိုင်းဆိုင်ရာ အငြင်းပွားမှုများဖြင့် မငြိမ်မသက်ဖြစ်ခဲ့ရသည်။

ထိုသို့အတုအယောင် အနောက်တိုင်းနိုင်ငံရေးစနစ်ကြောင့် အာဖရိကတိုက်ရှိ အစိုးရများစွာသည် အုပ်ချုပ်ရေး ယန္တယားစွမ်းဆောင်ရည် ကျဆင်းမှုဖြစ်ခဲ့ရသလို နိုင်ငံခြားတပ်ဖွဲ့၏ ကြားဝင်စွက်ဖက်မှု နှင့် လိုရာဆွဲပုံသွင်းမှုများကလည်း ပရမ်းပတာဖြစ်မှုများကို မီးလောင်ရာ လေပင့်ဖြစ်ခဲ့ရသည်။

ခါးသီးသော သမိုင်းသင်ခန်းစာများကို ရေးဆွဲရင်း အာဖရိကနိုင်ငံများသည် တည်ငြိမ်သော နိုင်ငံရေးအခင်းအကျင်းမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်၍ မရနိုင်ကြောင်း သဘောပေါက်သိမြင်လာခဲ့ကြသည်။ ၂၁ ရာစုအစမှာပင် အာဖရိကနိုင်ငံများသည် စည်းလုံးညီညွတ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု ၊ ငြိမ်းချမ်းရေး နှင့် ဖံွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ် ဖြည်းဖြည်းချင်းစတင်လျှောက်လှမ်းခဲ့ကြသည်။

၂ဝဝ၂ ခုနှစ်တွင် အာဖရိကသမဂ္ဂ(African Union) ကို ဖွဲ့စည်းနိုင်ခဲ့ခြင်းသည် ဒေသတွင်း နှင့် တိုက်တစ်ခုလုံးစုစည်းမှုအတွက် အာဖရိကခရီးရှည်ချီတက်ရာတွင် သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ဖန်တီးခဲ့သည်။ယင်းနောက် အာဖရိကသည် ယခင်က မရရှိခဲ့ဖူးသော ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်မှု နှင့် မိမိခြေထောက်ပေါ်ရပ်တည်မှု ကို စွမ်းဆောင်နိုင်ခဲ့သလို နိုင်ငံရေးအခြေအနေ တစ်ဖြေးဖြေး တည်ငြိမ်မှု ရှိလာခြင်း နှင့် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှုနှုန်း အမြင့်မားဆုံးဒေသများအနက်တစ်ခုအပါအဝင် ဖြစ်လာခဲ့သည်။

တရုတ်နိုင်ငံလူမှုသိပ္ပံအကယ်ဒမီမှ ပြုလုပ်ထားသော သုတေသနစာတမ်းတစ်ခုတွင် ၂ဝ၁ဝ ပြည့်နှစ်မှစတင်ကာ အာဖရိကနိုင်ငံများတွင် ရွေးကောက်ပွဲပဋိပက္ခဖြစ်မှု သိသိသာသာလျော့ကျလာခဲ့ကြောင်း ဖော်ပြထားသည်။ နိုင်ငံရေးတည်ငြိမ်မှု လျင်မြန်စွာ ရရှိလာခဲ့ခြင်းနှင့်အတူ အဓိက အာဖရိကနိုင်ငံကြီးများသည် ၂ဝ၁၁ ခုနှစ် မှ ၂ဝ၁၆ ခုနှစ်အတွင်း ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ပြိုင်ဆိုင်မှုတွင် တိုးတက်လာကြောင်း သိရသည်။

WIN-WIN ပူးပေါင်းဆောင်ရွက်မှု

၂ဝ၁၇ ခုနှစ် မေ ၃၁ ရက်တွင် ကင်ညာနိုင်ငံအလံ ဆေးခြယ်ထားသော ပထမဆုံး ခရီးသည်တင်ရထားတစ်စင်းသည် ဆူညံသော ခရာမှုတ်သံများအကြား မွမ်ဘာဆာ Mombasa မြို့အနောက်ပိုင်းဘူတာရုံမှ စတင်ထွက်ခွာလာသည်။ မွမ်ဘာဆာမြို့မှ နိုင်ရိုဘီမြို့အကြား ဖောက်လုပ်ထားသော အဆင့်မီရထားလမ်းအကျယ်(၄ပေ ၈ လက်မခွဲ) ရှိသည့် ထိုရထားလမ်းကို တရုတ်နိုင်ငံမှ လုပ်ငန်းများ ဒီဇိုင်ရေးဆွဲဖောက်လုပ်ကာ အလုံးစုံပြီးပြည့်စုံ၍ ပြေးဆွဲနိုင်ခဲ့ခြင်းဖြစ်သည်။

ကိုလိုနီအစိုးရအကျိုးစီးပွားအတွက် ယခင်က ဖောက်လုပ်ခဲ့ဖူးသည့် တစ်မီတာအကျယ်ရထားလမ်းပိုင်းမျိုးနှင့်အလားသဏ္ဍာန်မတူသည့် ယခုပြေးဆွဲသော ရထားလမ်းက အရှည် ၄၇ဝ ကီလိုမီတာရှိပြီး ကင်ညာနိုင်ငံလွတ်လပ်ရေးရပြီးနောက် အကြီးမားဆုံး အခြေခံအဆောက်အအုံစီမံကိန်းတစ်ခုဖြစ်သည်။ ယင်းရထားလမ်းပိုင်းစီမံကိန်းက ဒေသခံပြည်သူ ၄၆,ဝဝဝ ကျော်ကို အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးခဲ့ပြီး မီးရထားဝန်ထမ်း ၁,၆ဝဝ ကို လေ့ကျင့်ပေးခဲ့သည်။

ကင်ညာနိုင်ငံကို ဖြတ်၍ ဖောက်လုပ်ထားသော ရထားလမ်းပိုင်းနှစ်ခုသည် အာဖရိကတိုက်အတွက် ယခင်ရာစုနှစ်က သွားခဲ့ရသော ပုံစံနှင့်ကွဲပြားသည့် ရှေ့ပြေးအပြောင်းအလဲ သက်သေခံချက်ဖြစ်ပြီး ကမ္ဘာကြီးနှင့်အာဖရိကတိုက်၏ ဆက်နွယ်မှုများကို ပြန်လည်အသွင်ပြောင်းလဲမှု ဖော်ညွှန်းသည့် အစိတ်အပိုင်းငယ်တစ်ခုပင်ဖြစ်သည်။

မကြာသေးမီနှစ်များက ဖွံ့ဖြိုးဆဲနိုင်ငံများသည် အုပ်စုတစ်ခုအဖြစ် ကမ္ဘာကြီးတွင် အင်အားကြီးစွာပေါ်ထွက်လာခဲ့ပြီး စီးပွားရေးစတင်ခြင်းနှင့်အတူ ခေတ်မီတိုးတက်အောင် အရှိန်အဟုန်မြှင့်ရန် အာဖရိကအတွက် အခြေအနေများကို ဖန်တီးပေးခဲ့သည်။

အီသီယိုးပီးယားနိုင်ငံသည် လူသန်းပေါင်း ၁ဝဝ ကျော် နေထိုင်လျက်ရှိပြီး အာဖရိကတိုက်တွင် လူဦးရေ ဒုတိယအထူထပ်ဆုံးနိုင်ငံဖြစ်သည်။ ယခင်က ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှု အနိုမ့်ကျဆုံး တိုင်းပြည်တစ်ခုလည်းဖြစ်ခဲ့သည်။ သို့သော် ၂ဝဝ၅ ခုနှစ် မှ ၂ဝ၁၆ ခုနှစ်အတွင်း နိုင်ငံ၏ စီးပွားရေးသည် တိုးတက်ခဲ့ပြီး ပျမ်းမျှ နှစ်စဉ်တိုးတက်မှုနှုန်းသည် ၁ဝ ဒသမ ၈ ရာခိုင်နှုန်းထိ ရှိခဲ့သည်။

ထိုသို့ဂုဏ်ယူဖွယ်အောင်မြင်မှုများသည် အီသီယိုးပီးယားအစိုးရ နှင့် ပြည်သူ တို့၏ ကြိုးပမ်းအားထုတ်မှုမပါဘဲ ရရှိနိုင်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် တရုတ်နိုင်ငံ၏ အကူအညီဖြင့် အခြေခံအဆောက်အအုံစီမံကိန်းများတည်ဆောက်ခြင်း နှင့် စက်မှုလုပ်ငန်းများမှ အကျိုးအမြတ်များကိုလည်း ခံစားခဲ့ပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံကောင်းများကို လေ့လာဆည်းပူးရန် အီသီယိုးပီးယားနိုင်ငံက စိတ်ဆန္ဒရှိသည်ကို ဖော်ပြနေခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ဆယ်နှစ်ဆက်တိုက် အာဖရိကအတွက် အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်အဖြစ် ရပ်တည်ခဲ့ပြီး ယင်းကာလတစ်လျှောက် အာဖရိကတိုက်တွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၁ဝ ဘီလီယံ ကျော်ထိ ရှိခဲ့သည်။

တရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုက အာဖရိကတိုက်အတွင်းရှိ နိုင်ငံအချင်းချင်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးခဲ့သလို ၎င်းတို့နှင့် ကုန်သွယ်မှုပြုလုပ်နေသည့် အိန္ဒိယနိုင်ငံနှင့်လည်း ကုန်သွယ်မှုကို တွန်းအားပေးခဲ့ရာ ၂ဝဝ၁ ခုနှစ်တွင် ၇ ဘီလီယံ ရှိခဲ့ရာမှ ၂ဝ၁၄ခုနှစ်တွင် ၇ဝ ဘီလီယံအထိ တိုးတက်ခဲ့ကြောင်း ၊ ရုရှား နှင့် တူရကီနိုင်ငံများမှ သွင်းကုန်ပမာဏသည် ၂ဝဝ၆ ခုနှစ် နှင့် ၂ဝ၁၆ ခုနှစ် အကြား ၁၄၂ ရာခိုင်နှုန်း နှင့် ၁၉၂ ရာခိုင်နှုန်းအထိ အသီးသီးထိ တိုးမြင့်ခဲ့ကြောင်း သိရသည်။

ပျော်ရွှင်စရာအနာဂတ်

အာဖရိကခေါင်းဆောင်များသည် ပြီးခဲ့သော ဇူလိုင်လတွင် တွေ့ဆုံပြီး (အာဖရိကတိုက် လွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူညီချက် ) အကောင်အထည်ဖော်ဆောင်ရွက်မှုအဆင့်ကို တရားဝင် ကြေညာခဲ့သည်။ အဆိုပါ သဘောတူညီချက်သည် အာဖရိကတိုက်အတွက် ဖွံ့ဖြိုးတိုးတက်မှုအစိတ်အပိုင်းတစ်ရပ်ကို ဖော်ညွှန်းသည့် ရုပ်ပုံကားချပ်တစ်ခုဖြစ်သည်။

စိန်ခေါ်မှု နှင့် အခွင့်အလမ်းများကို နှစ်ခုစလုံးကို ရင်ဆိုင်ရင်း အနာဂတ်ကို ဆောင်ကြဉ်းပေးကာ နိုင်ငံတကာရေးရာကိစ္စရပ်များတွင် အာဖရိကတိုက်၏အသံကို ကျယ်ကျယ်လောင် ဟစ်ကြွေးရန် နိုင်ငံတကာအခြေအနေအပြောင်းအလဲတစ်ရပ်ကို အခွင့်အလမ်းများအဖြစ် ဆုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ရေရှည်တည်ငြိမ်သောလူမှုအဖွဲ့အစည်း ၊ စဉ်ဆက်မပြတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၊ နိုင်ငံအုပ်ချုပ်မှုကို ပိုမိုကောင်းမွန်အောင်တွန်းအားပေးမှု နှင့် ပြည်သူတို့၏ လိုအင်ကို ဖြည့်ဆည်းပေးမည့် အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။

တရုတ်နိုင်ငံက အဆိုပြုခဲ့သည့် ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက်ကြောင့် အာဖရိကတိုက် စီးပွားရေးတိုးတက်လာခြင်းနှင့်အတူ စီးပွားရေး နှင့် ကုန်သွယ်မှု ဆက်ဆံရေးများကို အထောက်အပံ့ဖြစ်စေခဲ့သည်။

“ အာဖရိကဟာ လူငယ်လူဦးရေ အများဆုံး တိုက်တစ်ခုပါ။ သူဟာကမ္ဘာကြီးရဲ့ အနာဂတ်ပါပဲ။ တချို့တွက်ချက်မှုတွေအရဆိုရင် ဒီရာစုနှစ်အကုန်မှာ ကမ္ဘာပေါ်မှာ လူဦးရေ သုံးဦးမှာ တစ်ဦးဟာ အာဖရိကတိုက်သားတွေ ဖြစ်နေကြလိမ့်မယ် ” ဟု တောင်အာဖရိကနိုင်ငံ-နိုင်ငံတကာရေးရာဌာန၏ တရုတ်-အာဖရိကရေးရာ အကြီးတန်းသုတေသီ Cobus Van Staden က ဆိုသည်။

“ ကမ္ဘာကြီးဘယ်လမ်းကြောင်း သွားနေလဲဆိုတာကို အာဖရိကက အသံကျယ်နိုင်သမျှ အကျယ်ဆုံးပြောသင့်ပါတယ်” ဟု ၎င်းကဆိုသည်။ “ အာဖရိကတိုက်က ပိုပြီးပြောနိုင်ဖို့ဆိုရင်တစ်ခုတည်းသော နည်းလမ်းကတော့ စီးပွားရေးကို အင်အားတောင့်တင်းအောင်လုပ်ဖို့ပါပဲ။ ကြီးထွားဖွံ့ဖြိုးလာဖို့က သိပ်ကို အရေးကြီးလွန်းပါတယ်” ဟု ဆိုခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.