Connect with us

Africa & Middle East

အီသီယိုးပီးယားတွင် ကုန်တင်ကားတစ်စီးအား သေနတ်သမားများက တိုက်ခိုက်ခဲ့၍ လူ ၄ဦးသေဆုံး

အီသီယိုးပီးယား တပ်ဖွဲ့ဝင်တစ်ချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အက်ဒစ် အဘာဘာ၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

အီသီယိုးပီးယားနိုင်ငံ တောင်ပိုင်း တွင် ကုန်တင်ကားတစ်စီးအား အား အမည်မသိသေနတ်သမားများက တိုက်ခိုက်ခဲ့သဖြင့် လူ ၄ဦး သေဆုံးသွားခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာ Ethiopia Broadcasting Corporation (EBC) က ဇန်နဝါရီ ၃၀ ရက်တွင်ဖော်ပြခဲ့သည်။

တိုက်ခိုက်မှုက ဇန်နဝါရီ ၂၉ ရက် နေ့လည်ပိုင်းတွင် သေနတ်သမားများသည် Konso ဇုန် မှ တောင်ပိုင်းပြည်နယ် ရှိ Soyama Burji ခရိုင် သို့ သွားရာ လမ်းမပေါ်တွင် မောင်းနှင်လာသော ကုန်တင်ကားတစ်စီး အား ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်တွင်လိုက်ပါလာသည့် လူ ၄ဦးသေဆုံးခဲ့ကြောင်း EBCက ဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့က အဆိုပါ တိုက်ခိုက်မှု၏ အကြောင်းရင်းကို မသိရှိသေးကြောင်း သိရသည်။

သို့သော် အခင်းဖြစ်ပွားရာ ဧရိယာမှ ဒေသခံတစ်ဦးက ဆင်ဟွာသို့ပြောကြားချက်အရ သေနတ်သမားများသည် အိုမိုမီးယား ပြည်နယ် အခြေစိုက် အိုရိုမိုလွတ်မြောက်ရေးတပ်ဦး အမည်ရှိ သူပုန်အဖွဲ့မှဖြစ်ပြီး ၎င်းတို့သည် တစ်ခါတစ်ရံ အရပ်သားများ နှင့် လုံခြံုံရေးတပ်ဖွဲ့များကို ခြုံခိုတိုက်ခိုက်တတ်ကြောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.