Connect with us

Africa & Middle East

လစ်ဗျားတွင် အမေရိကန်သံအမတ်အား သတ်ဖြတ်ခဲ့သူ အား စစ်တပ်မှ ဖမ်းဆီးစဉ် မိမိကိုယ်ကို သတ်သေသွားခဲ့

၂၀၁၂ခုနှစ် တွင် ဘန်ဂါဇီမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရစဉ် (ဓါတ်ပုံ-အင်တာနက်)

ထရီပိုလီ၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ အရှေ့ပိုင်းတွင် အခြေစိုက်သော စစ်တပ်က ၂၀၁၂ခုနှစ် တွင် ဘန်ဂါဇီမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံး အား တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် အကြမ်းဖက်သမားတစ်ဦးအား တပ်ဖွဲ့ဝင်များက ဖမ်းဆီးစဉ် အသေခံဗုံးဖောက်ခွဲသွားခဲ့ကြောင်း ဇန်နဝါရီ ၃၀ရက်က ကြေညာခဲ့သည်။

စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ Ahmad al-Mismari က စစ်တပ်က အလိုရှိသော အကြမ်းဖက်သမားများ ပုန်းခိုရာ နေအိမ်များကို ခြေရာခံခဲ့ကြောင်း၊ အထူးတပ်ဖွဲ့က Adel Al-Abdali အမည်ရှိ အကြမ်းဖက်သမား ပုန်းအောင်နေသည့် နေအိမ်ကို ဝင်ရောက်စီးနင်းပြီးနောက် ၎င်း သေဆုံးခဲ့ကြောင်း၊ ယင်းအကြမ်းဖက်သမားသည် အညံ့ခံစဉ် လွတ်လမ်းမရှိတော့မှန်းသိသဖြင့် ဗုံးဖောက်ခွဲ၍ အဆုံးစီရင်သွားခဲ့ကြောင်း ဘန်ဂါဇီမြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဇန်နဝါရီ ၃၀ ရက်ကပြောကြားခဲ့သည်။

Al-Mismari က Al-Abdali သည် ပြစ်မှုမှတ်တမ်းများစွာ ရှိကြောင်း နှင့် ၎င်းသည် ဘန်ဂါဇီမြို့ရှိ အမေရိကန်သံအမတ် ကို သတ်ဖြတ်မှုတွင် ပါဝင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူက စစ်တပ်သည် နိုင်ငံအတွင်းအခြားအကြမ်းဖက်မှုများအပါအဝင် ၂၀၀၈ခုနှစ်တွင် အကြီးတန်းလုံခြုံရေးအရာရှိတစ်ဦးအား လုပ်ကြံမှုတွင်ပါဝင်ခဲ့သော အယ်ကိုင်ဒါအကြမ်းဖက်အဖွဲ့၏ အကြီးတန်းအဖွဲ့ဝင် Al-Amin Ali Milud Kalfa ကိုလည်းဖမ်းဆီးခဲ့ကြောင်းပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၂ပတ်က စစ်တပ်သည် လစ်ဗျားနိုင်ငံ တောင်ပိုင်းတွင် အကြမ်းဖက်မှု နှင့် ရာဇဝတ်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးတစ်ခု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၁၂ခုနှစ် စက်တင်ဘာတွင် ဘန်ဂါဇီမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတစ်ခုကြောင့် လစ်ဗျားနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ် ခရစ်စတိုဖာ စတီဗင် နှင့် ကောင်စစ်ဝန်ရုံး အရာရှိ ၃ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.