Connect with us

Africa & Middle East

လစ်ဗျားအာဏာပိုင်များက လက်နက်ကိုင်အဖွဲ့များကို မြို့တော်ပြင်ပတွင် နေထိုင်ရန် သတိပေး

ကုလသမဂ္ဂထောက်ခံသည့် လစ်ဗျားအစိုးရ၏ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ထရီပိုလီ၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

ထရီပိုလီမြို့ ပြင်ပတွင် နေထိုင်ရန် လက်နက်ကိုင်အဖွဲ့များကို လစ်ဗျားနိုင်ငံ၏ ပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃၀ရက်နေ့က သတိပေး ပြောကြားခဲ့ကြောင်း သိရသည်။

ထရီပိုလီမြို့ အရှေ့တောင်ပိုင်း Tarhunaမြို့တော် အနီးတွင် တပ်မဟာ(၇) လက်နက်ကိုင်အဖွဲ့နှင့် အစိုးရမဟာမိတ် အဖွဲ့တို့ကြား အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီး တစ်ပတ်အကြာတွင် ယင်း သတိပေးမှုထွက်ပေါ် လာကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများကြောင့် လူ ၁၆ ဦးသေဆုံးကာ ၆၀ဦး ဒဏ်ရာရရှိခဲ့ပြီး အရပ်သားအများစု ပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

မြို့တော်လုံခြုံရေးအတွက် စစ်တပ် တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ချိတ်ဆက်ထားသည့် အထရီပိုလီနိုင်ငံအတွင်း လုံခြုံရေးအစီအမံအသစ်ကို လစ်ဗျားနိုင်ငံ၏ ကုလသမဂ္ဂထောက်ခံသော ဝန်ကြီးချုပ် Fayez Serraj က ပြီးခဲ့သည့် အောက်တိုဘာလက အတည်ပြုခဲ့ကြောင်း သိရသည်။

၂၀၁၁ခုနှစ်အတွင်း လစ်ဗျားခေါင်းဆောင်ဟောင်း မွမ်မာ ကဒါဖီ (Muammar Gaddafi) ကျဆုံးပြီးနောက် လစ်ဗျားနိုင်ငံတွင် အကြမ်းဖက်မှုများ မြင့်တက်လာပြီး မလုံခြုံများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.