Connect with us

Africa & Middle East

အီသီယိုးပီးယားနိုင်ငံ ဒုတိယအကြီးဆုံးမြို့တွင် အဓိကရုဏ်းဖြစ်ပွားမှုကြောင့် လူ ၁၀ ဦး သေဆုံး

အဒစ်အဘာဘာ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ)

အီသီယိုးပီးယားနိုင်ငံ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် Dire Dawa တွင် လွန်ခဲ့သော ရက်သတ္တတစ်ပတ် အကုန် ရက်များအတွင်း အဓိကရုဏ်းဖြစ်ပွားမှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က သြဂုတ် ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဓိကရုဏ်းဖြစ်ပွားစဉ် မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့ရာ သေဆုံးဒဏ်ရာရမှုများအပြင် ဆုံးရှုံးနစ်နာမှု များ ရှိခဲ့သည်ဟု Dire Dawaမြို့ ရဲတပ်ဖွဲ့ကော်မရှင် ပြည်သူ့ဆက်ဆံရေးဌာန တာဝန်ခံ Bantealem Girmaက ဆိုသည်။ လက်ရှိ အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစေရန်နှင့် အကြမ်းဖက်မှုတွင် ပါဝင်သည်ဟု သံသယရှိသူ များကို ဖမ်းဆီးရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက Dire Dawaမြို့တွင် နေရာယူပြီးဖြစ်ကြောင်း သိရသည်။

Dire Dawaမြို့သည် အီသီယိုးပီးယားနိုင်ငံ Oromiyaa ပြည်နယ်တွင် ရှိပြီး အော်ရိုမိုလူမျိုးများ အဓိက နေထိုင်ကြရာ ဆိုမာလီလူမျိုးများလည်း နေထိုင်ကြကြောင်း သိရသည်။ယခုကာလများအတွင်း အီသီယိုးပီးယားနိုင်ငံ Somali ပြည်နယ်တွင် ရေနံအရင်းအမြစ်ရှာဖွေတွေ့ရှိရာ အီသီယိုးပီးယား ဖက်ဒရယ်အစိုးရနှင့် Somali ပြည်နယ်အစိုးရအကြား ရေနံအရင်းအမြစ်အကျိုးခွဲဝေမှု တွင် ပဋိပက္ခဖြစ်ပွားလျက်ရှိသည်။ မျက်မြင်သက်သေတစ်ဦး၏ ပြောကြားချက်အရ လွန်ခဲ့သော ရက်သတ္တတစ်ပတ်အကုန်ရက်များတွင် အီသီယိုးပီးယားဖက်ဒရယ် အစိုးရတပ်သည် Somali ပြည်နယ် လွှတ်တော်နှင့် ရုပ်မြင်သံကြား ထုတ်လွှင့်မှုဌာနကို သိမ်းပိုက်ခဲ့ သောကြောင့် Dire Dawaမြို့တွင် ဆိုမာလီ လူမျိုးများနှင့် အော်ရိုမိုလူမျိုးများအကြား ပဋိပက္ခဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.