Connect with us

Africa & Middle East

ဟူသီစစ်သွေးကြွတို့၏ ဒုံးကျည်တစ်စင်းအား ဆော်ဒီ ကြားဖြတ်ပစ်ချ

ဆော်ဒီသို့ ဦးတည်၍ ယီမင်ဘက်က ပစ်လွှတ်လိုက်သည့် ဒုံးကျည်တစ်စင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရီယာ့ဒ်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ နယ်စပ်မြို့ဖြစ်သော Najran မြို့ဘက်ဆီသို့ ဦးတည်၍ ပစ်ခတ်လိုက်သော ဟူသီစစ်သွေးကြွတို့၏ ဒုံးကျည်တစ်စင်းအား ဆော်ဒီလေတပ် က ကြားဖြတ်ပစ်ချခဲ့ကြောင်း Al Arabiya သတင်း၌ဖော်ပြခဲ့သည်။

အဆိုပါ ဒုံးကျည်သည် ဆော်ဒီနိုင်ငံအတွင်းသို့ ဝင်ရောက်လာပြီး ဒေသစံတော်ချိန် ၈း၄၀နာရီတွင် ဖျက်ဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။ယခုဖြစ်ရပ်သည် ဆော်ဒီနိုင်ငံ၏ မြို့များ အထူးသဖြင့် နယ်စပ်မြို့များကို ပစ်မှတ်ထားတိုက်ခိုက်မှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။ယီမင်နိုင်ငံ ရှိ အီရန်ကထောက်ပံ့ပေးထားသော ဟူသီသူပုန်များကို တိုက်ထုတ်ပြီး သမ္မတ Abdu-Rabbu Mansour Hadi အစိုးရကိုပြန်လည်နေရာပေးရန် ဆော်ဒီဦးဆောင်သော အာရပ်မဟာမိတ်တပ်ဖွဲ့က ၂၀၁၅ခုနှစ် မတ်လ မှစ၍ ယီမင် ပဋိပက္ခအတွင်းသို့ ဝင်ရောက်စွက်ဖက်လာပြီးကတည်းက ဆော်ဒီနိုင်ငံသည် ဟူသီသူပုန်တို့၏ ပစ်မှတ်တစ်ခုဖြစ်လာကြောင်း သိရသည်။ (Xinhua)