Connect with us

Africa & Middle East

လစ်ဗျားက တရားမဝင်ရွှေ့ပြောင်းဝင်ရောက်လာသည့် ဆူဒန် ၁၄၅ ယောက်ကို ပြည်နှင်ဒဏ်ပေး

လစ်ဗျားနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် ဆူဒန်နိုင်ငံသားများအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ထရီပိုလီ ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ)

လစ်ဗျားနိုင်ငံ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ တိုက်ဖျက်ရေးဌာနက လစ်ဗျားနိုင်ငံသားတရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူ ၁၄၅ ဦးကို လစ်ဗျားနိုင်ငံမှ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သြဂုတ် ၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

နိုင်ငံတကာရွှေ့ပြောင်းသွားလာသူများအဖွဲ့(IOM) ၏ ပြန်လည်ပို့ဆောင်ရေးအစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကလေးသူငယ်များ နှင့် အမျိုးသမီးများအပါအဝင် တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူ ၁၄၅ ဦးအား ထရီပိုလီမြို့ရှိ M’etiga နိုင်ငံတကာလေဆိပ်မှ Khartoum နိုင်ငံတကာလေဆိပ်သို့ လေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။ သို့သော် အသေးစိတ်အချက်အလက်ကို မူထုတ်ပြန်ခဲ့ခြင်းမရှိပေ။

IOM အဖွဲ့သည် ၂ဝ၁၇ ခုနှစ်အတွင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၁၉ဝဝဝ ကျော်ကို နေရင်းနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးခဲ့သည်။နေရပ်ပြန်လည်ပို့ဆောင်ရေးအစီအစဉ်ကို IOM က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရည်ရွယ်ချက်မှာ လစ်ဗျားနိုင်ငံသို့ရောက်ရှိနေသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား မူလမိခင်နိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးနိုင်ရန် ဖြစ်သည်။

လစ်ဗျားနိုင်ငံရှိ ရွှေ့ပြောင်းအခြေချဒုက္ခသည်စခန်းများသည် လစ်ဗျားလုံခြုံရေးတပ်ဖွဲ့ဝင်များက ပင်လယ်ထဲတွင် ကယ်ဆယ်ခဲ့သည့် (သို့မဟုတ်) ဖမ်းဆီးခဲ့သည့် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသူများဖြင့် ပြည့်နှက်နေကြောင်း သိရသည်။လစ်ဗျားနိုင်ငံသည် ၂ဝ၁၁ခုနှစ်တွင်ဖြစ်ပွားခဲ့သော ယခင်နိုင်ငံခေါင်းဆောင် မူဟာမက်ကဒါဗီအားဖြုတ်ချသည့် လူထုအုံကြွမှု နှင့် နောက်ဆက်တွဲ ပြဿနာများကြောင့် နိုင်ငံအတွင်း မတည်ငြိမ်မှု နှင့် မလုံခြုံမှုများကြုံတွေ့နေရပြီး ၊ ယင်းအခြေအနေကြောင့် မြေထဲပင်လယ်ကိုဖြတ်၍ ဥရောပတိုက်သို့ဝင်ရောက်ရန် ကြိုးပမ်းသည့် တရားမဝင်ရွှေ့ ပြောင်းနေထိုင်သူများအတွက် ခရီးတစ်ထောက်နားခိုရာ နေရာတစ်ခုဖြစ်နေကြောင်း သိရသည်။(Xinhua)