Africa & Middle East
အီသီယိုးပီးယား မြောက်ပိုင်းတွင် လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ဦးသေဆုံး
အက်ဒစ်အဘာဘာ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)
အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်း Amhara ပြည်နယ် တွင် လက်ပစ်ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကလေးငယ် ၂ဦး သေဆုံးခဲ့ကြောင်း Fana Broadcasting Corporate (FBC) က ဒီဇင်ဘာ ၄ရက်တွင်ဖော်ပြခဲ့သည်။
စာသင်ကျောင်းအနီး စွန့်ပစ်ထားသော လက်ပစ်ဗုံးတစ်လုံးအား ဒီဇင်ဘာ ၄ရက်၌ ကလေးငယ်များက မတော်တဆ နင်းမိချိန်တွင် ပေါက်ကွဲခဲ့ကြောင်း Amhara ပြည်နယ် Central Goder ဇုန် ရဲချုပ် Enyewe Zewdie ကပြောကြားခဲ့သည်ကို FBC ကဖော်ပြခဲ့သည်။
ယင်းပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ဦးသေဆုံးပြီး အခြားကလေးငယ် ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့များက အဆိုပါလက်ပစ်ဗုံး ကျောင်းဧရိယာအတွင်းသို့ မည်သို့ရောက်ရှိလာကြောင်း အကြောင်းရင်းဇစ်မြစ်ကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ (Xinhua)