Connect with us

Africa & Middle East

အမေရိကန်၏ ပိတ်ဆို့မှုများက ပင်လယ်ကွေ့ဒေသများ၏ရေနံတင်ပို့မှုကို အတားအဆီးဖြစ်စေနိုင်သည်ဟု အီရန်သမ္မတက ဆို

အီရန်နိုင်ငံ သမ္မတ Hassan Rouhaniအား တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ)

အီရန်သည် အမေရိကန်၏ပိတ်ဆို့မှုများကြောင့် ရေနံမတင်ပို့နိုင်ပါက ပင်လယ်ကွေ့ဒေသများ၏ရေနံတင်ပို့မှုကိုလည်း အတားအဆီးဖြစ်စေနိုင်ကြောင်း အီရန်သမ္မတ Hassan Rouhaniက ဒီဇင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

အီရန်သည် ရေနံကို တင်ပို့ဆဲဖြစ်သလို ဆက်လက် တင်ပို့သွားမည်ဖြစ်ကြောင်း ၊အမေရိကန်အနေဖြင့် အီရန်၏ရေနံတင်ပို့မှုများကို တားဆီးနိုင်မည်မဟုတ်ကြောင်း သမ္မတ Hassan Rouhaniက ဒီဇင်ဘာ ၄ ရက် အီရန်နိုင်ငံ မြောက်ပိုင်း Semnan ပြည်နယ်တွင် မိန့်ခွန်းပြောကြားစဉ် ပြောကြားခဲ့သည်။

အကယ်၍ အမေရိကန်သည် အီရန်၏ရေနံတင်ပို့မှုကို ရပ်တန့်သွားအောင် လုပ်ဆောင်ရန်ကြိုးစားပါက ပင်လယ်ကွေ့ဒေသများ၏ရေနံအားလုံးသည်လည်း တင်ပို့နိုင်မည်မဟုတ်ဟု ၎င်း ပြောကြားခဲ့သည်။

ယခုနှစ် မေလတွင် အမေရိကန်က အီရန်နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး သြဂုတ်လတွင် အီရန်အပေါ် ပိတ်ဆို့မှုအချို့ကို စတင်ခဲ့သည်။ နိုဝင်ဘာလတွင် စွမ်းအင်၊ ဘဏ္ဍာစသည့် ကဏ္ဍများကို ပစ်မှတ်ထား၍ ဒုတိယအကြိမ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.