Africa & Middle East
အာဖဂန်တွင် ဗုံးသီးဟောင်း ပေါက်ကွဲမှုကြောင့် ကလေးငယ် ၆ဦးသေဆုံး

အာဖဂန်နစ္စတန်၊ ဒီဇင်ဘာ ၂၈ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Balkh ပြည်နယ်တွင် ပေါက်ကွဲမှုတစ်ခုကြောင့် ကလေးငယ် ၆ဦး သေဆုံးခဲ့ရကြောင်း ဒေသခံတာဝန်ရှိသူ တစ်ဦးက ဒီဇင်ဘာ ၂၈ ရက်တွင်ပြောကြားခဲ့သည်။
ခရိုင်အုပ်ချုပ်ရေးမှူး Karim Bay က ဒေါ်လက်အာဘက်ခရိုင်အတွင်းရှိ စာသင်ကျောင်းတစ်ကျောင်းအနီး၌ ဒီဇင်ဘာ ၂၇ ရက်ညနေပိုင်းတွင် ကလေးတစ်ချို့ ကစားနေစဉ် ကလေးငယ်တစ်ဦးက လမ်းပေါ်ရှိ ဗုံးသီးဟောင်းတစ်လုံးကို ခလုတ်တိုက်မိ၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အခြားကလေးငယ်များပါ သေဆုံးခဲ့ရကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။
သေဆုံးသူကလေးငယ်များသည် အသက် ၆နှစ်မှ ၁၂နှစ် အတွင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်တွင် လမ်းမိုင်းများနှင့် ထောင်မိုင်းများကြောင့် လစဉ် လူ ၅၀ဦးကျော် သေဆုံးလျက်ရှိကြောင်း တာဝန်ရှိသူများ၏ပြောကြားချက်အရ သိရသည်။
စစ်ပွဲလက်ကျန် မပေါက်ကွဲသေးသော ဗုံးများ နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းအပိုင်းအစများကြောင့် အာဖဂန်နိုင်ငံ အနှံ့အပြားတွင် သေဆုံးမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)