Connect with us

Africa & Middle East

ယီမင်အနောက်တောင်ပိုင်းတွင် ဆော်ဒီဦးဆောင်သည့် လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၄၀ဦးကျော်သေဆုံး

ဆော်ဒီဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ယီမင်ရှိဈေးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အက်ဒန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံ အနောက်တောင်ပိုင်း တိုက်ဇ်ပြည်နယ်ရှိ လူစည်ကားရာ ဈေးတစ်ခုတွင် ဒီဇင်ဘာ ၂၆ရက်က ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၄၀ဦးကျော်သေဆုံးခဲ့ကြောင်း ပြည်တွင်းသတင်း၌ ဖော်ပြခဲ့သည်။

တိုက်ဇ်ပြည်နယ် အယ်တိုင်းဇီးယားခရိုင်ရှိ ဈေးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့၍ ဈေးဝယ်သူ ၄၀ဦးကျော်သေဆုံးခဲ့ပြီး အခြားလူ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း သတင်းဋ္ဌာနများကဖော်ပြခဲ့သည်။

ဟူသီတို့ နှင့် ဆက်စပ်နေသော မာစီရာ့ရုပ်သံလိုင်း က ရှူရာ့ဈေးအား ဆော်ဒီဦးဆောင်သည့်တပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် သေဆုံးသူအရပ်သား ၅၀ဦးကျော် ၏ ရုပ်အလောင်းများကို ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြခဲ့သည်။

ဟူသီ ရုပ်သံလိုင်းက တိုက်ခိုက်မှုဖြစ်ပွားရာနေရာမှ ဗွီဒီယိုဖိုင်များကို ဖော်ပြ၍ မီးလောင်သေဆုံးသူများ၏ ရုပ်အလောင်းများစွာ ပြန့်ကြဲနေပြီး မည်သူမည်ဝါဖြစ်သည်ကို ခွဲခြားနိုင်ခြင်းမရှိသေးကြောင်း ထုတ်လွှင့်ခဲ့သည်။

အခင်းဖြစ်ပွားရာအနီးရှိ မျက်မြင်တွေ့ကြုံခဲ့ရသူများက ဈေးအတွင်း အနီးအနားရွာများမှ ဈေးဝယ်သူများနှင့် ပြည့်နေချိန်၌ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့၍ လူအများအပြားသေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်။

ယီမင်နိုင်ငံမြို့တော် ဆာနားမြို့ရှိ နေအိမ်တစ်အိမ်ကို ဒီဇင်ဘာ ၂၅ရက်က ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များက လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ပြုလုပ်ခဲ့၍ ကလေးငယ် ၅ဦးအပါအဝင် မိသားစုဝင် ၉ဦးသေဆုံးခဲ့ရကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့က ကျောထောက်နောက်ခံပေးထားသည့် ယီမင်တပ်ဖွဲ့များ နှင့် ရှီယိုက်ဟူသီသူပုန်များသည် ယီမင်နိုင်ငံ ရှိ ပြည်နယ်အနှံ့အပြားတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.