Connect with us

Africa & Middle East

အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် က မည်သည့် ခြိမ်းခြောက်မှု ကို မဆို လက်တုံ့ပြန် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ပြောကြား

အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုစလင် ၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu က ဒီဇင်ဘာ ၂၇ ရက်နေ့၌ အစ္စရေး နိုင်ငံ အနေဖြင့် အစ္စရေး နိုင်ငံ အား အပြတ်ချေမှုန်း မည်ဆိုသည့် လက်နက်များ ထုတ်လုပ်မှု နှင့် မည်သည့် ခြိမ်းခြောက်မှု ကို မဆို မိမိတို့ ပိုင်ဆိုင်ထားသည့် အင်အား တောင့်တင်းသော လေတပ်ဖြင့် အကွာအဝေး အမျိုးမျိုး ရှိ ပစ်မှတ်များကို လုံလောက်စွာ တိုက်ခိုက်နိုင်ကြောင်း ပြောကြား ခဲ့သည်။

ဝန်ကြီးချုပ် Benjamin Netanyahu က ဒီဇင်ဘာ ၂၇ ရက်နေ့၌ အစ္စရေး နိုင်ငံတောင်ပိုင်း ရှိ လေတပ် စခန်းတွင် ကျင်းပသည့် ဘွဲ့နှင်းသဘင် တွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး အစ္စရေး နိုင်ငံ အနေဖြင့် အီရန် နိုင်ငံ ၏ ဆီးရီးယား နိုင်ငံ အတွင်း လေတပ်စခန်းတည်ဆောက်မှု ကို ခွင့်ပြုမည်မဟုတ်ဘဲ တားဆီးရန် အတွက် ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဝန်ကြီးချုပ် က အစ္စရေး နိုင်ငံ အနေဖြင့် ကာဇာဒေသတွင် လှုပ်ရှားနေသည့် Hamas အဖွဲ့အစည်း ၏ လှုပ်ရှားမှုများ နှင့် အကြမ်းဖက်အဖွဲ့အစည်းများ ၏ အစ္စရေး နိုင်ငံ အပေါ် ဆောင်ရွက်မှုများကို လက်ခံမည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

ဘွဲ့နှင်းသဘင် တက်ရောက်ခဲ့သည့် အစ္စရေး နိုင်ငံ ကာကွယ်ရေး ဝန်ကြီး၏ ပြောကြားချက်အရ အစ္စရေး နိုင်ငံ လေတပ် တွင် ခေတ်မှီမောင်းသူမဲ့ လေယာဉ်များ ရှိပြီးဖြစ်ကာ တာဝေး ၊ တာလက် နှင့် တာတို ဒုံးကျည် ခြိမ်းခြောက်မှု များကို တားဆီး နိုင်သည့် ကာကွယ်ရေး စနစ်များ တည်ရှိကြောင်း ၊ အမေရိကန် နိုင်ငံ မှ တင်သွင်း ခဲ့သည့် F-35 တိုက်လေယာဉ် ၉ စင်းမှာလည်း လက်ရှိချိန်တွင် အစ္စရေး လေတပ်၌ တရားဝင် တာဝန် ထမ်းဆောင်နေပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.