Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် လူ ၇ ဦး သေဆုံး

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း Aleppoပြည်နယ်တွင် ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် အချင်းဖြစ်နေရာတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကပ်၊ မတ် ၆ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း Aleppoပြည်နယ်တွင် မတ်လ ၅ ရက်က မြေမြုပ်မိုင်းထပ်မံပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၇ ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလုပ်သမားများတင်ဆောင်လာသည့် ထရပ်ကားတစ်စီးသည် မတ်လ ၅ ရက်က Aleppoပြည်နယ် မြို့တော်Aleppo၏ တောင်ဘက် ဆင်ခြေဖုံးသို့အရောက်တွင် မြေမြုပ်မိုင်းနင်းမိပြီး ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ၊ အချင်းဖြစ်ပွားမှုကြောင့် လူ ၇ ဦး သေဆုံးပြီး ၁၄ ဦးဒဏ်ရာရခဲ့SANA သတင်းအေဂျင်စီက ရဲတပ်ဖွဲ့၏သတင်းများကို ကိုးကားဖော်ပြထားသည်။

အချင်းဖြစ်ပွားသည့်နေ့ နေ့လည်ပိုင်းကလည်း Aleppoပြည်နယ်တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၅ ဦး သေဆုံးပြီး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါမြေမြုပ်မိုင်းများမှာ IS အစွန်းရောက်များ၏ လက်ချက်ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.