Connect with us

Africa & Middle East

သေနတ်ပစ်ခတ်တိုက်ခိုက်မှုတွင် လူ ၃၀ သေဆုံးခဲ့ကြောင်း နိုင်ဂျီးရီးယားရဲတပ်ဖွဲ့ပြောကြား

နိုင်ဂျီးရီးယားနိုင်ငံ သေနတ်သမားများ ပစ်ခတ်မှုတစ်ခုတွင် ထွက်ပြေးနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

အဘူဂျာ မတ် ၆ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ ၏ အနောက်မြောက်ဘက် Zamfara ပြည်နယ် တွင် သေနတ်သမားများ ၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၃၀ ဦး သေဆုံးခဲ့ကြောင်း ဒေသခံရဲက မတ်လ ၅ ရက်နေ့ တွင်ပြောအတည်ပြုခဲ့သည်။

Shinkafi ခရိုင်၊ Kware ကျေးရွာတွင် မတ်လ ၄ ရက်နေ့အစောပိုင်းက သေနတ်သမားများ ၏ နာရီပေါင်းများစွာ ဝင်ရောက်စီးနင်းခံခဲ့ရကြောင်း၊ Zamfara ပြည်နယ် ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Mohammed Shehu က ဆင်ဟွာကိုပြောသည်။ သေနတ်သမားများက ဒေသခံများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့၏ နေအိမ်များကို မီးရှို့ခဲ့ကြောင်း သိရသည်။

“Kware ကျေးရွာက ဒေသခံ အယောက် ၃၀ က အဲဒီတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တယ်။ ကျွန်တော့်အနေနဲ့ ခင်ဗျားကို အတည်ပြုပေးနိုင်ပါတယ်။’’ ဟု Shehu ကပြောသည်။

များပြားလှသော မော်တော်ဆိုင်ကယ်များကိုစီးနင်းလာသည့် သေနတ်သမားများသည် ရွာအတွင်းတွင် ထိခိုက်သေကြေမှုများဖြစ်အောင်အကြီးအကျယ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ ၏ ပြောကြားချက် အရသိရသည်။

ဒေသခံများ ပေးသည့် သေဆုံးသည့် အရေအတွက် သည် ပိုမိုမြင့်မားခဲ့ပြီး အနည်းဆုံး လူ ၃၅ ဦး သေဆုံးခဲ့ကာ၊ ထွက်ပြေးလွတ်မြောက်ခဲ့သည့် ရွာသားများရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။ အချို့သောရွာသား များသည် အခုအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

အသက်ရှင်ကျန်ရစ်သူတစ်ဦးဖြစ်သည့် Yunusa Lawal က “တိုက်ခိုက်မှုစတင်တဲ့အချိန်မှာ အကူအညီမဲ့နေတဲ့ အမျိုးသမီးတွေရဲ့ အကူအညီရဖို့အတွက် ငယ်သံပါအောင်အော်ဟစ်နေတာတွေ နဲ့ ကူကယ်ရာမဲ့နေတဲ့ ကလေးတွေ ရဲ့ကျယ်ကျယ်လောင် ငိုပြီး ခိုးကိုးရာမဲ့ထွက်ပြေးနေတဲ့ သူတို့ အမေတွေကို ရှာဖွေနေတာတွေကို ကျွန်တော်ကြားခဲ့တယ်’’ ဟုပြောသည်။

သေနတ်သမားများကို ခေါင်းဆောင်များက မျက်စိရှေ့မှာ မြင်သူတိုင်းကို သတ်ဖြတ်ရန် အမိန့်ပေးခြင်းအား Lawal အနေဖြင့်ကြားခဲ့ကြောင်းဆိုသည်။

၎င်းတို့ဒေသ မှ လွတ်မြောက်ရန် အတွက် ကီလိုမီတာပေါင်းများကို ခြေကျင်ခရီးကြမ်းဖြင့် ထွက်ပြေးလာခဲ့ကြသည့် ဒေသခံများထဲတွင် သက်ကြီးရွယ်အိုများ နှင့် ကလေးငယ်များ ပါဝင်ပြီး တိုက်ခိုက်မှုမှ လွတ်မြောက်လာသူများကို ဒေသခံအစိုးရရုံးစိုက်ရာနေရာဖြစ်သော Shinkafi တွင် နေစရာ နေရာစီစဉ်ပေးထားကြောင်း သိရသည်။

တိုက်ခိုက်မှု နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့မှပြောကြားခဲ့သည်။မကြာမီလများတွင် Zamfaraပြည်နယ် အနီး နိုင်ဂျီးရီးယားအနောက်မြောက်ဘက် Kaduna ပြည်နယ် တွင်လည်းသေနတ်သမားများ ၏ အပြင်းအထန် တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း မျက်မြင်သက်သေများ က ပြောကြားခဲ့သည်။