Connect with us

Africa & Middle East

တူရကီက ဆီးရီးယား နှင့် ထိစပ်နေသော နယ်စပ်ဂိတ် ၂ခုကို ဖွင့်ပေး

တူရကီနိုင်ငံရှိ နယ်စပ်ဂိတ်တစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အန်ကာရာ၊ မတ် ၆ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အရှေ့တောင်ဘက် Kilis ပြည်နယ် ရှိ ဆီးရီးယားနယ်စပ်အနီးရှိ နယ်စပ်ဂိတ်တစ်ခုအား ပိတ်ထားရာမှ ၈နှစ်အကြာဖြစ်သော မတ် ၅ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ မဖွင့်လှစ်မီ တူရကီယာဉ်မောင်းများသည် ၎င်းတို့၏ ကုန်ပစ္စည်းများကို ဆီးရီးယားလိုင်စင်ပြား တပ်ဆင်ထားသော ကားများပေါ်သို့ ရွှေ့ပြောင်းပေးနေကြောင်း သိရသည်။

ဂိတ်တံခါးဖွင့်လှစ်ခြင်း နှင့် အတူ တူရကီကုန်ကား ၅၀ခန့်သည် နာရီအနည်းငယ်အတွင်း Oncupinar နယ်စပ်ဂိတ်အား ဖြတ်သန်းသွားခဲ့ကြောင်း သိရသည်။

ကုန်သွယ်ရေးဝန်ကြီး Ruhsar Pekcan က နိုင်ငံ အရှေ့တောင်ဘက် Hatay ပြည်နယ်ရှိ နယ်စပ်ဂိတ်တစ်ခုကိုလည်း ထပ်မံဖွင့်လှစ်ပေးမည်ဖြစ်ကြောင်းကြေညာခဲ့သည်။

၎င်းက Olive Branch နယ်စပ်ဂိတ်ကို ဖွင့်လှစ်ရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ လာမည့်အပတ်တွင် ဖွင့်လှစ်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း Hatay ပြည်နယ်တောင်ဘက် နှင့် ဆီးရီးယားနိုင်ငံ Afrin ခရိုင် အကြားရှိ နယ်စပ်ဂိတ်ကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။

တူရကီနိုင်ငံသည် ၂၀၁၈ခုနှစ်ကတည်းက Afrin ပြည်နယ်ရှိ ဆီးရီးယား ကာ့ဒ်မျိုးနွယ်စုများကို စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ယင်းပြည်နယ်၌ ယခုအချိန်အထိ တူရကီတပ်ဖွဲ့ဝင်များ ဖြန့်ကျက်ထားဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.