Connect with us

Africa & Middle East

ဂီနီနိုင်ငံတွင် အီဘိုလာရောဂါကူးစက်မှုအသစ် ဖြစ်ပွားပြီး လူ ၃ ဦးသေဆုံးကြောင်း အာဖရိက CDC ထုတ်ပြန်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရွှေလီမြို့တွင် မြောင်လူမှုအသိုက်အဝန်းအား COVID-19 ရောဂါအတွက် nucleic အက်စစ် စစ်ဆေးပေးသည့် နေရာတစ်ခု၌ ကျန်းမာရေးလုပ်သားတစ်ဦးက ဧပြီ ၆ ရက်တွင် ပိုးသတ်ဆေးဖျန်းနေစဉ်(ဆင်ဟွာ)

အက်ဒစ်အက်ဘာဘာ ၊ ဧပြီ ၇ ရက်(ဆင်ဟွာ)

အာဖရိကတိုက်အနောက်ပိုင်းရှိ ဂီနီနိုင်ငံတွင် ပြီးခဲ့သော ရက်သတ္တပတ်က အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅ ဦးစစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းရောဂါနှင့်ဆက်စပ်၍ သေဆုံးသူ ၃ ဦးရှိခဲ့ကြောင်း အာဖရိကတိုက်ကူးစက်ရောဂါထိန်းချုပ်ရေး နှင့် ကြိုတင်ကာကွယ်ရေးစင်တာ (Africa CDC) က ဧပြီ ၆ ရက်တွင် ပြောကြားခဲ့သည်။

အာဖရိကသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၅၅ နိုင်ငံအတွက် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးနေသော အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့် အာဖရိက CDC စင်တာက အီဘိုလာရောဂါ လူနာသစ် ၅ ဦး ထပ်မံတွေ့ရှိခဲ့ခြင်းနှင့်အတူ အာဖရိကတိုက်တွင် ယင်းရောဂါ ကူးစက်ခံရသူစုစုပေါင်း ၃၅,၁၈၀ ဦးထိ ရှိလာပြီး သေဆုံးမှုလည်း များစွာရှိခဲ့ကြောင်း ဆိုသည်။
“ ဂီနီနိုင်ငံမှာ အီဘိုလာကူးစက်ခံရသူပေါင်း ၂၃ ဦးရှိပြီး အဲဒီထဲက ၁၂ ဦးသေဆုံးသွားတယ် ၊ အခြား ၉ ယောက်ကတော့ ပြန်ကောင်းသွားတယ် ” ဟု အာဖရိက CDC ကဆိုသည်။
“ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံမှာတော့ အီဘိုလာကူးစက်ခံရသူ ၁၂ ဦးရှိပြီး ၆ ဦးသေဆုံးသွားတယ် အခြား လူနာ ၆ ဦးကတော့ ပြန်ပြီးသက်သာသွားပါပြီ” ဟု အာဖရိက CDC ကဖြည့်စွက်ပြောကြားခဲ့သည်။

ယခုကဲ့သို့ အာဖရိက နိုင်ငံနှစ်နိုင်ငံတွင် အီဘိုလာရောဂါ တစ်ကြော့ပြန် ကူးစက်မှုအသစ် ပေါ်ပေါက်လာခြင်းသည် အာဖရိကတိုက်အတွက် COVID-19 ကပ်ရောဂါနှင့်အတူ စိတ်သောကသစ်များ ထပ်မံပေးပို့လိုက်ခြင်းပင်ဖြစ်သည်။

၂၀၁၄ ခုနှစ် မှ ၂၀၁၆ ခုနှစ်အတွင်း အနောက်အာဖရိကတွင် အီဘိုလာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုကြောင့် လူပေါင်း ၂၈,၆၀၀ ရောဂါဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၁,၃၀၀ ဦး ရှိခဲ့ကြောင်း သိရသည်။ အီဘိုလာရောဂါသည် ဖျားခြင်း ၊ ပျို့အန်ခြင်း ၊ ဝမ်းလျောခြင်း ၊ ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်း သို့မဟုတ် ကိုယ်လက်မအီမသာဖြစ်ခြင်း စသည့် လက္ခဏာများအပါအဝင် အရေပြားပေါ် အကွက်များထကာ အဖျားကြီးတက်ကြောင်း နှင့် ကိုယ်တွင်းပြင်ပ သွေးယိုစိမ့်ခြင်းများလည်း ဖြစ်တက်ကြောင်း သိရသည်။(Xinhua)
———————————————-
(English Version)
New Ebola outbreak kills 3 in Guinea: Africa CDC
ADDIS ABABA, April 7 (Xinhua) — The west African country of Guinea has detected five Ebola virus cases and three Ebola-related deaths over the past one week, the Africa Centers for Disease Control and Prevention (Africa CDC) said Tuesday.

Africa CDC, the specialized healthcare agency of the 55-member African Union, said the five new Ebola cases put the overall number of cases detected in the continent to 35, 18 of which resulted in fatalities.

“Guinea has detected a total of 23 Ebola cases out of which 12 resulted in deaths while nine other patients recovered,” the Africa CDC said.
“The Democratic Republic of Congo has detected a total of 12 Ebola cases out of which six resulted in deaths while six other patients recovered,” the Africa CDC added.
New outbreaks of the deadly Ebola virus disease in the two African countries are sending new jitters to Africa as the continent is still grappling with the COVID-19 pandemic.
The 2014-2016 West Africa Ebola virus outbreak claimed over 11,300 lives, with over 28,600 recorded cases.

Ebola is a highly contagious hemorrhagic fever that causes a range of symptoms including fever, vomiting, diarrhea, generalized pain or malaise and in many cases internal and external bleeding. Enditem

file Photo: Health workers carry out the body of a patient with unconfirmed Ebola virus on Aug. 22, 2018 in Mangina, near Beni, in the North Kivu province. (Xinhua/AFP)