Connect with us

Africa & Middle East

ပင်လယ်နီ၌ အီရန်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းသုံးသင်္ဘောပေါက်ကွဲမှုဖြစ်ပွါးကြောင်း အီရန်အတည်ပြု

၂၀၂၀ပြည့်နှစ်၊ မတ်၂၃ ရက်တွင် ဒရုံးဖြင့်ရိုက်ကူးထားသော ဆော်ဒီအာရေဗျပင်လယ်နီကမ်းရိုးတန်းပေါ်ရှိ ပင်လယ်နီစီမံကိန်းအားပြသထားမှုကိုတွေ့ရစဉ် (The Red Sea Development Company/Handout via Xinhua)

 

 

တီဟီရန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

ပင်လယ်နီအတွင်း အီရန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းသုံး သင်္ဘော ပေါက်ကွဲမှု ဖြစ်ပွားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၇ ရက်တွင် အတည်ပြုခဲ့သည်ဟု အီရန်ကျောင်းသားများ သတင်းအေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဂျီဘူတီကမ်းရိုးတန်းရှိ ပင်လယ်နီတွင် ဧပြီ ၆ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ယင်းအီရန်နိုင်ငံစီးပွားရေးလုပ်ငန်းသုံးသင်္ဘောသည် ပျက်ဆီးမှုအနည်းငယ်ဖြစ်ပွားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ယင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။ (Xinhua)
———————————————-
(English Version)
Iran confirms explosion in its commercial ship in Red Sea
TEHRAN, April 7 (Xinhua) — Iran’s Ministry of Foreign Affairs on Wednesday confirmed the explosion in the country’s commercial ship in the Red Sea, according to the Iranian Students’ News Agency.
The Iranian commercial ship was slightly damaged in the explosion in the Red Sea off the coast of Djibouti on Tuesday, Saeed Khatibzadeh, spokesman for the foreign ministry, was quoted as saying,
The cause of explosion is under investigation, he added. Enditem