Connect with us

Africa & Middle East

မီးလောင်မှုဖြစ်ပွားပြီးနောက် လိုက်ဘေးရီးယား အကျဉ်းထောင်မှ အကျဉ်းသား ၉၀ ဦး ထွက်ပြေးလွတ်မြောက်

လိုက်ဘေးရီးယားနိုင်ငံ မြို့တော် မွန်ရိုးဗီးယားရှိ ဝန်ကြီးဌာနဆိုင်ရာ စုပေါင်းရုံးစီမံကိန်းအား တွေ့ရစဉ် (ဆင်ဟွာ)

မွန်ရိုးဗီးယား၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

လိုက်ဘေးရီးယားနိုင်ငံ အရှေ့တောင်ဘက်ပိုင်း မေရီလန်းကောင်တီရှိ အကျဉ်းထောင်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားပြီးနောက် ထွက်ပြေးလွတ်မြောက်သွားသော အကျဉ်းသား ၉၀ ဦးအား စတင်ရှာဖွေလျက်ရှိကြောင်း ရဲအရာရှိက ဧပြီ ၁ ရက်၌ ပြောကြားခဲ့သည်။

အဆိုပါ အကျဉ်းသားများသည် မတ် ၃၁ ရက် ညနေပိုင်းက Harper Central အကျဉ်းထောင်မှ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Moses Carter က လိုက်ဘေးရီးယားနိုင်ငံ မြို့တော် မွန်ရိုးဗီးယား၌ သတင်းထောက်များအား ပြောကြားခဲ့သည်။

“အကျဉ်းသားတွေ ပြန်လည်ဖမ်းမိဖို့အရေး ဒေသခံတွေရဲ့ အကူအညီလည်း လိုပါတယ်” ဟု Carter က ပြောခဲ့သည်။

မော်တော်ဆိုင်ကယ်စီးနင်းသူတစ်ဦးကို သတ်ဖြတ်သူဟု စွပ်စွဲခံရသူတစ်ဦးအား ရှာဖွေရန် အကျဉ်းထောင်အဆောက်အအုံအတွင်းသို့ ဆန္ဒပြသူအများအပြား ချိုးဖျက်ဝင်ရောက်လာခြင်းကြောင့် အကျဉ်းထောင်၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အကျိုးဆက်အဖြစ် ထောင်ဖောက်မှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း Carter က ပြောခဲ့သည်။

မေရီလန်းကောင်တီတွင် မတ် ၂၅ ရက်က အသက် ၂၂ နှစ်အရွယ် မော်တော်ဆိုင်ကယ်စီးနင်းသူတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ သံသယရှိသူအား “အမြန်ဆုံးစစ်ဆေးစီရင်ပေးရန်” ဆန္ဒပြသူအများအပြားက လွန်ခဲ့သောရက်များအတွင်း လမ်းမပေါ်သို့ထွက်ကာ တောင်းဆိုလျက်ရှိသည်။

လိုက်ဘေးရီးယားနိုင်ငံ သမ္မတ George Weah က မေရီလန်းကောင်တီတွင် အကျဉ်းသား ၉၀ ထွက်ပြေးသွားပြီးနောက် ဧပြီလ ၁ ရက်မှ စတင်သက်ရောက်မည့် ညမထွက်ရအမိန့်ကို ပြဌာန်းထားကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
90 inmates escape from Liberian prison after fire incident: police
2021-04-02 03:32:40
MONROVIA, April 1 (Xinhua) — Police in Liberia on Thursday confirmed they have begun searching for 90 inmates who escaped following a fire incident at a prison facility in the country’s southeast county of Maryland.
National Police spokesperson Moses Carter told reporters in Monrovia, the Liberian capital, that the inmates escaped from the Harper Central correctional facility on Wednesday evening.
“We’re seeking the help of residents to have these inmates rearrested,” said Carter.
A fire at the prison premises, which was caused by protesters who in large numbers broke into the facility compound in search of an alleged killer of a motorcyclist, has resulted in the jailbreak, said Carter.
According to the local media, many protesters have taken to the streets in Maryland in the past days demanding “the speedy trial” of a suspect accused of murdering a 22-year-old motorcyclist on March 25 in the county.
Reports of local media also said Liberian President George Weah has imposed a night-time curfew on the coastal county with effect from Thursday “until further notice” after the escape of 90 inmates. Enditem

Aerial photo taken on May. 1, 2019 shows the China-aided Ministerial Complex project in Monrovia, capital of Liberia. (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.