Africa & Middle East
အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ က Hawija ဒေသ ကို အလုံးစုံ သိမ်းပိုက် နိုင်လိုက်ပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
ဘဂ္ဂဒက် ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ က IS အစွန်းရောက် အဖွဲ့၏ သိမ်းပိုက်ခြင်း ခံခဲ့ရသည့် Hawija ဒေသ ကို အလုံးစုံ ပြန်လည် သိမ်းပိုက် နိုင်လိုက်ပြီး ဖြစ်ကြောင်း အောက်တိုဘာ ၁၀ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့သည်။
ထုတ်ပြန်ကြေညာချက်တွင် အီရတ် အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ ၊ ဖယ်ဒရယ် ရဲတပ်ဖွဲ့ ၊ ပြည်ထဲရေး ဝန်ကြီးဌာန လျှပ်တပြက် တုံ့ပြန် တိုက်ခိုက်ရေး တပ်ဖွဲ့ ၊ အစိုးရ တပ်ဖွဲ့ နှင့် ရှီးအိုက် အရပ်ဘက် လက်နက်ကိုင် တပ်ဖွဲ့ တို့က ပူးပေါင်း ၍ အောက်တိုဘာ ၁၀ ရက်နေ့တွင် Hawija ဒေသ ကို အလုံးစုံ ပြန်လည် သိမ်းပိုက် နိုင်ခဲ့ကြောင်း ပါဝင် ခဲ့သည်။
အီရတ် နိုင်ငံ စစ်ဘက်ဆိုင်ရာ မှ အရာရှိ တစ်ဦး က Hawija ဒေသ ကို အလျင်အမြန် ပြန်လည် သိမ်းပိုက် နိုင်ခြင်းဖြင့် IS အစွန်းရောက် တပ်ဖွဲ့ က လက်ကျန် သိမ်းပိုက်ထားသည့် ဒေသများ ကို ထိန်းချုပ်နိုင်စွမ်း ကျဆင်းနေပြီး ဖြစ်ကြောင်း ကို သိရှိနိုင်ကြောင်း ပြောကြား ခဲ့သည်။
Hawija ဒေသ သည် အီရတ် နိုင်ငံ မြောက်ပိုင်း Kirkuk ပြည်နယ်တွင် တည်ရှိပြီး ၂၀၁၄ ခုနှစ်၌ IS အစွန်းရောက် တပ်ဖွဲ့၏ လက်အောက်သို့ ကျရောက်သွားခဲ့သည်။ ယခု နှစ် စက်တင်ဘာ ၂၁ ရက်နေ့၌ အီရတ် နိုင်ငံ ဝန်ကြီးချုပ် က Hawija ဒေသ ပြန်လည် သိမ်းပိုက်ရန် စစ်ဆင်ရေး စတင်ကြောင်း ကြေညာ ခဲ့ပြီး အောက်တိုဘာ ၅ ရက်နေ့တွင် ပြန်လည် သိမ်းပိုက် နိုင်ခဲ့ကာ အနီးပတ်ဝန်ကျင်းရှိ လက်ကျန် IS အဖွဲ့ဝင် များကို ဆက်လက်ရှင်းလင်း ခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)