Connect with us

Africa & Middle East

အစ္စရေး နိုင်ငံ ကာကွယ်ရေးဝန်ကြီး က နောက်တစ်ကြိမ် အရှေ့အလယ်ပိုင်း စစ်ပွဲအတွက် ပြင်ဆင်မှု သည် လွန်စွာ အရေးကြီးကြောင်း ပြောကြား

အစ္စရေး နိုင်ငံ ကာကွယ်ရေး ဝန်ကြီး Avigdor Lieberman အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုစ်စလင် ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

အစ္စရေး နိုင်ငံ ကာကွယ်ရေး ဝန်ကြီး Avigdor Lieberman က လက်ရှိချိန်တွင် အရှေ့အလယ်ပိုင်း ဒေသ အခြေအနေ သည် လွန်စွာ အားနည်းနေသဖြင့် နောက်တစ်ကြိမ် အရှေ့အလယ်ပိုင်း စစ်ပွဲ အတွက် ကြိုတင်ပြင်ဆင်မှု များသည် လွန်စွာ အရေးကြီးကြောင်း အောက်တိုဘာ ၁၀ ရက်နေ့၌ ပြောကြား ခဲ့သည်။

Lieberman က အစ္စရေး နိုင်ငံ အနေဖြင့် နောက်တစ်ကြိမ် စစ်ပွဲ မဖြစ်ပွားရန် အတတ်နိုင်ဆုံး တားဆီးမည် ဖြစ်သော်လည်း လက်ရှိ အရှေ့အလယ်ပိုင်း ဒေသ အခြေအနေ သည် ယခင်ကဲ့သို့မဟုတ်တော့ဘဲ လွန်စွာ အားနည်းနေကြောင်း ၊ အရှေ့အလယ်ပိုင်းဒေသ တွင် အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားလာနိုင်သောကြောင့် ကြိုတင် ပြင်ဆင်မှု သည် လွန်စွာ အရေးကြီးကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Lieberman က လက်ဘနွန် စစ်တပ် သည် လွတ်လပ်သည့် သဘောသဘာဝ မရှိတော့ဘဲ လက်ဘနွန် Hezbollah ပါတီ ၏ အစိတ်အပိုင်း တစ်ခု အဖြစ်ရောက်ရှိသွားပြီး ဖြစ်ကြောင်း ၊ အနာဂတ် တွင် အစ္စရေး နိုင်ငံ အနေဖြင့် ဆီးရီးယား နှင့် လက်ဘနွန် နိုင်ငံ တို့၏ မြောက်ပိုင်း စစ်မြေပြင် ကိုရင်ဆိုင်ရမည့် အပြင် ဂါဇာကမ်းမြောင် ဒေသရှိ တောင်ပိုင်း စစ်မြေပြင် ကိုလည်း ရင်ဆိုင်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အစ္စရေး နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ၂၀၀၆ ခုနှစ်၌ အစ္စရေး နိုင်ငံ နှင့် လက်ဘနွန် Hezbollah ပါတီ တို့ ကြီးမား သည့် တိုက်ခိုက်မှုဖြစ်ပွား ခဲ့ပြီးနောက် ၁၀ နှစ်ကြာ ကာလ အတွင်း အစ္စရေး နိုင်ငံ မြောက်ပိုင်းနယ်စပ် များသည် တည်ငြိမ်အေးချမ်းသွားသော်လည်း တင်းမာမှု အခြေအနေမှာ မြင့်တက် နေဆဲ ဖြစ်ကြောင်း ၊ အစ္စရေး နိုင်ငံ ကာကွယ်ရေး ဝန်ကြီး ဌာန က ဆီးရီးယား စစ်ပွဲ ပြီးဆုံးပြီးနောက်တွင် Hezbollah ပါတီ သည် စစ်အင်အား ကို တိုးမြှင့် လိုက်ပြီး အရှေ့အလယ်ပိုင်း ဒေသ တစ်ခုလုံးတွင် ဖြန့်ကျက် ထားကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.