Connect with us

Africa & Middle East

အီရတ် နိုင်ငံ အနောက်ပိုင်း ဒေသ ရှိ ကော်ဖီဆိုင် တစ်ခု တွင် အသေခံဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူပေါင်း ၁၀ ဦး သေဆုံး

အသေခံဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့သည့် အီရတ် နိုင်ငံ Anbar ပြည်နယ် Hīt မြို့ အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

ဘဂ္ဂဒက် ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

အီရတ် နိုင်ငံ အနောက်ပိုင်း Anbar ပြည်နယ်ရှိ ကော်ဖီဆိုင် တစ်ခုတွင် အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံးလူပေါင်း ၁၀ ဦး သေဆုံးခဲ့ရပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အီရတ် နိုင်ငံ ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၁ ရက်၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

Anbar ပြည်နယ်ရှိ ရဲအရာရှိ တစ်ဦး က ဆင်ဟွာသတင်းဌာန သို့ပြောကြားခဲ့ရာတွင် အသေခံဗုံးခွဲ တိုက်ခိုက်မှုသည် Anbar ပြည်နယ် Hīt မြို့တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကာ တိုက်ခိုက်သူသည် ခန္ဓာကိုယ်တွင် ဗုံးများ တပ်ဆင်ထားပြီး ကော်ဖီဆိုင်အတွင်း၌ ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

လက်ရှိချိန်တွင် မည်သည့် အဖွဲ့အစည်း ကမှ ကော်ဖီဆိုင် ၌ အသေခံ ဗုံးခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း နှင့် ပတ်သက်၍ ပြုလုပ်ကြောင်း ကြေညာခြင်းမရှိဘဲ ရဲအရာရှိ ၏ ပြောကြားချက် အရ သေဆုံးသူ စာရင်းမှာ ပိုမိုမြင့်တက်လာ နိုင်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.