Africa & Middle East
အီရတ် အစိုးရ တပ်ဖွဲ့ ၏ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အစွန်းရောက် IS တပ်ဖွဲ့ဝင် ၆၈ ဦး ထပ်မံ သေဆုံး
ဘဂ္ဂဒက် ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ သည် နိုင်ငံအနောက်ပိုင်း Anbar ပြည်နယ်၌ တွင် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု များ ဆက်လက် ဆောင်ရွက်ခဲ့ရာ အစွန်းရောက် IS တပ်ဖွဲ့ဝင် ၆၈ ဦး ကို ထပ်မံ ရှင်းလင်းနိုင်ခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ က သြဂုတ်လ ၃၁ ရက်နေ့တွင် ကြေညာခဲ့သည်။
အီရတ် နိုင်ငံ ပူးပေါင်းစစ်ရေးလှုပ်ရှားမှု ညွှန်ကြားရေး ဌာန က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အီရတ် နိုင်ငံ လေတပ် မှ တိုက်လေယာဉ်များသည် Al-Qa’im မြို့ရှိ အစွန်းရောက် IS တပ်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ၌ လက်နက် သိုလှောင်ရုံ တစ်ခု နှင့် ညွှန်ကြားရေး စင်တာ ကို ဖျက်ဆီး နိုင်ခဲ့ကြောင်း ၊ လက်နက်ကိုင် အဖွဲ့ဝင် ၅၆ ဦးကို ရှင်းလင်း နိုင်ခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိစေခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ထုတ်ပြန်ချက်တွင် အီရတ် အစိုးရ တပ်ဖွဲ့ မှ တိုက်လေယာဉ် များသည် Al-Qa’im မြို့ ပြင်ပရှိ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဆောင်ရွက်မည့် IS အဖွဲ့ဝင် ၁၂ ဦး ကိုလည်း ဗုံးကြဲ ရှင်းလင်း နိုင်ခဲ့ကြောင်း ပါဝင်ခဲ့သည်။
Al-Qa’im မြို့ သည် အီရတ် နိုင်ငံ နှင့် ဆီးရီးယား နိုင်ငံ နယ်စပ် အနီးတွင် တည်ရှိသောမြို့ ဖြစ်ပြီး ယင်းမြို့ နှင့် အနီးတစ်ဝိုက်ရှိ မြို့များအား ၂၀၁၄ ခုနှစ်တွင် IS အစွန်းရောက် တပ်ဖွဲ့ က သိမ်းပိုက်ခဲ့ကာ လက်ရှိအချိန်တွင် IS တို့မှ ထိန်းချုပ်ထားသည့် နောက်ဆုံး လက်ကျန်မြို့ ၃ မြို့အနက် တစ်မြို့အပါအဝင် ဖြစ်သည်။
အီရတ် နိုင်ငံ ဝန်ကြီးချုပ် Haider al-Abadi က သြဂုတ်လ ၃၁ ရက်နေ့၌ အစိုးရ တပ်ဖွဲ့ အနေဖြင့် Anbar ပြည်နယ် မြောက်ပိုင်း Tal Afar မြို့ ရှိ IS တပ်ဖွဲ့၏ နောက်ဆုံး တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
လက်ရှိချိန်တွင် IS တပ်ဖွဲ့ မှ အီရတ် နိုင်ငံ အတွင်း ထိန်းချုပ်ထားသော ဒေသများ မှာ Kirkuk ပြည်နယ် နှင့် Anbar ပြည်နယ် အတွင်းရှိ ဒေသ အနည်းငယ် သာကျန်ရှိတော့ကြောင်း သိရှိခဲ့ရသည်။(Xinhua)