Connect with us

Africa & Middle East

အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုဖြင့် IS အစွန်းရောက်အဖွဲ့ဝင် ပေါင်း ၉၄ ဦး ကို ရှင်းလင်း

အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ က IS အစွန်းရောက် အဖွဲ့အစည်း ကို ဗုံးကြဲ တိုက်ခိုက်နေစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

လတ်တလော ရက်ပိုင်းတွင် အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ က နိုင်ငံ အနောက်ပိုင်း ဒေသဖြစ်သည့် Anbar ပြည်နယ် တွင် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု များဆောင်ရွက်ခဲ့ရာ IS အစွန်းရောက်အဖွဲ့ဝင် ပေါင်း ၉၄ ဦး ကို ရှင်းလင်း နိုင်ခဲ့ကြောင်း သြဂုတ်လ ၃၀ ရက်နေ့၌ စစ်ဘက်ဆိုင်ရာ က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အီရတ် နိုင်ငံ ပူးပေါင်းစစ်ရေးလှုပ်ရှားမှု ညွှန်ကြားရေး ဌာန က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အီရတ် နိုင်ငံ လေတပ် မှ တိုက်လေယာဉ်များသည် Al-Qa’im မြို့ရှိ IS အစွန်းရောက်အဖွဲ့အစည်း ၏ တပ်စခန်း ၆ ခု ကို ဗုံးကြဲတိုက်ခိုက်မှု ဆောင်ရွက်ခဲ့ရာ အစွန်းရောက် အဖွဲ့ဝင် ၉၄ ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း ၊ ဗုံးကြဲတိုက်ခိုက်မှု အတွင်း IS အစွန်းရောက် အဖွဲ့ ၏ ခေါင်းဆောင် တစ်ဦး ဖြစ်သူ ကို ရှင်းလင်း နိုင်ခဲ့ ပြီး ဗုံးများ တပ်ဆင် ထားသည့် ကားနှစ်စင်း ကိုလည်း ရှင်းလင်းနိုင်ခဲ့ကြောင်း ပါဝင်ခဲ့သည်။

Al-Qa’im မြို့ သည် အီရတ် နိုင်ငံ နှင့် ဆီးရီးယား နိုင်ငံ နယ်စပ် အနီးတွင် တည်ရှိသောမြို့ ဖြစ်ပြီး ယင်းမြို့ နှင့် အနီးတစ်ဝိုက်ရှိ မြို့များအား ၂၀၁၄ ခုနှစ်တွင် IS အစွန်းရောက် တပ်ဖွဲ့ က သိမ်းပိုက်ခဲ့ကာ လက်ရှိအချိန်တွင် IS တို့မှ ထိန်းချုပ်ထားသည့် နောက်ဆုံး လက်ကျန်မြို့ ၃ မြို့မှ တစ်မြို့အပါအဝင် ဖြစ်သည်။

အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ ၏ Nineveh ပြည်နယ်အတွင်း တိုက်ခိုက်မှု များသည် လက်ရှိအချိန်ထိ ဆက်လက်ဆောင်ရွက်နေပြီး IS အစွန်းရောက် တပ်ဖွဲ့ က သြဂုတ်လ ၂၇ ရက်နေ့တွင် Tal Afar မြို့ ကို စွန့်လွှတ်ခဲ့ရကာ လက်ရှိချိန်တွင် ယင်းမြို့မြောက်ပိုင်း ဒေသတွင် နောက်ဆုံး ခုခံမှု များ ပြုလုပ်နေကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.