Connect with us

Africa & Middle East

IS စစ်သွေးကြွများ ပြန်ပေးဆွဲထားသော အာဖဂန်နိုင်ငံသား ၉ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိ

အာဖဂန်နိုင်ငံ Achin ခရိုင် Monandara ဧရိယာတွင် ရှာဖွေတွေ့ရှိခဲ့သည့် ရုပ်အလောင်းများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဂျာလာလာဘတ်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နမ်ဂါဟာပြည်နယ် Kotခရိုင် တွင် လွန်ခဲ့သည့် ၁၈လက IS စစ်သွေးကြွများ ပြန်ပေးဆွဲခေါ်ဆောင်သွားသော အာဖဂန်နိုင်ငံသား ၉ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြည်နယ်အစိုးရ ၏ပြောရေးဆိုခွင့်ရှိသူ Attaullah Khogiani က ဖေဖော်ဝါရီ ၁၉ ရက်တွင်ပြောကြားခဲ့သည်။

၎င်းက စစ်သွေးကြွအုပ်စုသည် ကော့ခရိုင် Seh Paye ဧရိယာတွင် မျိုးနွယ်စု သက်ကြီးရွယ်အိုများအပါအဝင် လူ၁၂ဦးခန့်ကို လွန်ခဲ့သော ၁၈ လ က ပြန်ပေးဆွဲခဲ့ပြီး ဓားစားခံ ၉ဦး၏ ရုပ်အလောင်းများ ကို Achin ခရိုင် Monandara ဧရိယာတွင် အစုလိုက်အပြုံလိုက် မြုပ်နှံထားသည်ကို မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းထောက်များအားပြောကြားခဲ့သည်။

သို့သော် အချို့ သတင်းရင်းမြစ်များက Monandara ဧရိယာတွင် ရုပ်အလောင်း ၁၂လောင်း တူးဖော်တွေ့ရှိခဲ့သည့်ဟု ယုံကြည်ကြပြီး ယင်းဧရိယာအား ယခင်က IS ကစစ်သွေးကြွများ ထိန်းချုပ်ထားခဲ့ကြောင်း သိရသည်။

IS စစ်သွေးကြွအုပ်စုအား သစ္စာခံထားသော စစ်သွေးကြွများသည် Kot၊ Achin နှင့် နမ်ဂါဟာပြည်နယ် ရှိ အခြားဧရိယာများအား ၂နှစ်နီးပါး ထိန်းချုပ်ထားစဉ်က ရွာသားများအား ရက်စက်စွာ သတ်ဖြတ်ခြင်း၊ ဒေသခံများအား ပြန်ပေးဆွဲခြင်းတို့အပြင် နေအိမ်အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.