Connect with us

Africa & Middle East

မိုဇမ်ဘစ် တွင် အမှိုက်ပုံပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၇ဦးသေဆုံး

မိုဇမ်ဘစ်နိုင်ငံ မြို့တော် မာပူတိုမြို့ အစွန်အဖျား တွင် ဖေဖော်ဝါရီ ၁၉ ရက် အစောပိုင်းက Hulene စွန့်ပစ်အမှိုက်ပုံကြီး ပြိုကျစဉ် (ဓါတ်ပုံ-အင်တာနက်)

မာပူတို၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

မိုဇမ်ဘစ်နိုင်ငံ မြို့တော် မာပူတိုမြို့ အစွန်အဖျား တွင် ဖေဖော်ဝါရီ ၁၉ ရက် အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စွန့်ပစ်အမှိုက်ပုံကြီးတစ်ခု ပြိုကျခဲ့ရာ အနည်းဆုံး လူ ၁၇ဦးသေဆုံးပြီး အခြားလူ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Hulene စွန့်ပစ်အမှိုက်ပုံကြီး ဘေးပတ်လည်တွင် နေထိုင်သူများ အိပ်ပျော်နေချိန်တွင် မိုးရွာသွန်းမှုကြောင့် ၎င်းတို့နေအိမ်များပေါ်သို့ အမှိုက်များ ပြိုကျဖုံးလွှမ်းသွားခဲ့ကြောင်း သိရသည်။

ဒေသခံအာဏာပိုင်များသည် အဆိုပါ နေရာသို့ ဖေဖော်ဝါရီ ၁၉ရက် နံနက်ပိုင်းကတည်းက ရောက်ရှိလာပြီး မီးသတ်ဝန်ထမ်းများက အသက်ရှင်ကျန်ရစ်သူများ နှင့် ရုပ်အလောင်းများအား ရှာဖွေရန် အပျက်အစီးများအား ဖယ်ရှားခဲ့ကြောင်း သိရသည်။

မာပူတိုမြို့အုပ်ချုပ်ရေးမှူး Yolanda Cintura က အစိုးရအဖွဲ့သည် ဖေဖော်ဝါရီ ၁၉ရက်တွင် တွေ့ဆုံဆွေးနွေးပြီး ယခုကဲ့သို့ ဖြစ်ရပ်ဆိုးထပ်မံမဖြစ်ပွားစေရန် အစီအစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အခင်းဖြစ်ပွားရာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

နေအိမ်များအကြား နှင့် မြို့ထဲတွင် တည်ရှိသော Hulene စွန့်ပစ်အမှိုက်ပုံကြီးသည် ပြိုကျမည့် အန္တရာယ်ရှိနေသည့် အမှိုက်ပုံဟောင်းကြီးတစ်ခုဖြစ်ပြီး ၎င်းအား ပိတ်သိမ်းရန်အရေးကို နှစ်များစွာကတည်းက ဆွေးနွေးခဲ့ကြောင်း သိရသည်။

Cintura က အမှိုက်ပုံအား ပိတ်သိမ်းရန် ဆောင်ရွက်လျက်ရှိပြီး အမှိုက်ပုံ ပတ်လည်တွင်နေထိုင်သူများကို မာပူတိုမြို့ ရှိ အခြားရပ်ကွက်များသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း၊ အမှိုက်ပုံ၏အန္တရာယ်ရှိသည့် အခြေအနေကို ယခင်ကတည်းက သိရှိပြီးဖြစ်သော်လည်း လူများစွာသည် ယင်းနေရာသို့ပင် ပြန်လည်လာရောက် နေထိုင်ဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၄ခုနှစ်တွင်လည်း အမှိုက်ပုံနံရံပြိုကျခဲ့ပြီး အနီးအနားရှိ လမ်းများ ၂ရက်ကြာ ပိတ်ဆို့ခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.