Africa & Middle East
မားစ် ကိုရိုနာ (MERS corona) ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှု တိုက်ဖျက်ရန် သတိပေးချက် ဆော်ဒီ တိုးမြှင့်

ရီယတ်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)
မားစ် ကိုရိုနာ (Middle East Respiratory Syndrome [MERS] corona) ဗိုင်းရပ်စ် ကူးစက်မှု မြင့်မားလာသည့်အတွက် ဆော်ဒီအာရေဗျနိုင်ငံ ကျန်းမာရေး ဝန်ကြီးဋ္ဌာနက ရာသီပေါ် တုပ်ကွေးရောဂါ ကာကွယ်ဆေးနှင့်အတူ ယင်း ဗိုင်းရပ်စ်ကာကွယ်ဆေးများကို လူပေါင်း ၂ သန်းကျော်အား ထိုးပေးခဲ့ကြောင်း ဒေသခံ သတင်းစာ Okaz က ဒီဇင်ဘာလ ၂၀ ရက်က သတင်းတင်ပြထားသည်။
ကျန်းမာရေး အဆောက်အအုံ နေရာများအတွင်း မားစ် ကိုရိုနာ ဗိုင်းရပ်စ် ပျံ့နှံ့မှုနေရာ ၉၀ ရာခိုင်နှုန်းအား အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဋ္ဌာနက ကြေညာခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါ စောင့်ကြည့်ခြင်း အစီအစဉ်တွင် ဆေးရုံ အရေအတွက်များလည်း တိုးလာခဲ့ပြီး ၂၈ ခုအထိ ရှိလာခဲ့ကြောင်း သိရသည်။
ဆော်ဒီအာရေဗျနိုင်ငံသည် အဆိုပါ ဗိုင်းရပ်စ်ပိုး အန္တရာယ်မှ ကာကွယ်ရန် နိုင်ငံတစ်ဝန်းလုံး၌ အလေးအနက်ထား လုပ်ဆောင်ခဲ့ပြီး မားစ် ကိုရိုနာ ဗိုင်းရပ်စ်ကြောင်း လူ တစ်ဦး သေဆုံးခဲ့ကာ အသစ် ကူးစက်ခံရသူ အမျိုးသား နှစ်ဦး ရှိကြောင်း ဒီဇင်ဘာလ ၁၉ ရက်က ကြေညာခဲ့သည်။
ထို့ပြင် ဆော်ဒီအာရေဗျနိုင်ငံတွင် ထိုရောဂါ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက လူ ရာပေါင်းများစွာ သေဆုံးခြင်း၊ ကူးစက်ခံရခြင်းများ ဖြစ်ပွားခဲ့ကြောင်း၊ ယင်း မှတ်တမ်းသည် ကမ္ဘာပေါ်၌ ဖြစ်ပွားမှု အမြင့်ဆုံး ဖြစ်ကြောင်း သိရသည်။ (Xinhua)