Connect with us

Africa & Middle East

ဆီးရီးယားတွင် အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးရန် အီဂျစ် နိုင်ငံခြားရေး ဝန်ကြီး ပြောကြား

အီဂျစ် နိုင်ငံခြားရေး ဝန်ကြီး Sameh Shoukry အား တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ပြည်တွင်းစစ်ကြောင့် ပျက်စီးနေသည့် ဆီးရီးယားနိုင်ငံအတွင်း အပစ်အခတ် ရပ်စဲရေး ချက်ချင်း လုပ်ဆောင်ရန် နှင့် နိုင်ငံရေးအရ ဆွေးနွေးပွဲ စတင် ပြုလုပ်ရန် အီဂျစ် နိုင်ငံခြားရေး ဝန်ကြီး Sameh Shoukry က ဒီဇင်ဘာလ ၁၉ ရက်က ပြောကြားလိုက်သည်။

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုမြို့၏ အခြေအနေနှင့် ပတ်သက်၍ အာရပ် အဖွဲ့ချုပ် ကောင်စီ၏ အထူး အစည်းအဝေး၌ ပြောကြားရာတွင် Shoukry က ဆွေးနွေးပွဲများဖြင့် ဆီးရီးယား အရေးတွင် ပြည်ပ ဝင်ရောက် စွက်ဖက်ခြင်းအား ကာကွယ်နိုင်ကြောင်းနှင့် အကြမ်းဖက်မှုအား ရပ်တန့်စေနိုင်ကြောင်း ပြောကြားခဲ့သည်။

ဆီးရီးယားတွင် နိုင်ငံရေး တည်ငြိမ်မှုှနှင့် စစ်ပွဲများ ရပ်တန့်မှု မရှိခြင်း၏ အဓိက အကြောင်းရင်းဖြစ်ကြောင်း အစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံခြားရေး ဝန်ကြီးများအား ပြောကြားခဲ့သည့် Shoukry ၏ စကားအား ကိုးကား၍ နိုင်ငံ သတင်းအေဂျင်စီ MENA က ဖော်ပြခဲ့သည်။

အီဂျစ်နိုင်ငံ အနေဖြင့်် အလက်ပိုတွင် လူသားချင်း စာနာထောက်ထားမှုအတွက် အဖြေရှာရာ၌ လိုအပ်ချက် အားလုံးကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ကြိုတင်သတ်မှတ်ချက်အားနှင့် မပွင့်လင်းမှုများအား ဘေးဖယ်ထားကာ ဆီးရီးယား နိုင်ငံရေး လုပ်ငန်းစဉ်များနှင့် ဆီးရီးယား ပြည်သူများအား ခြိမ်းခြောက်နေမှု အားလုံးကို ရပ်တန့်သွားစေရန် လုပ်ဆောင်သွားသင့်ကြောင်း ၎င်းက ပြောသည်။

တစ်ချိန်က ဆီးရီးယား၏ စီးပွားရေး အချက်အခြာ ဖြစ်ခဲ့သည့် အလက်ပိုမြို့သည် ၂၀၁၂ ခုနှစ်ကစ၍ နှစ်ခြမ်း ကွဲပြားသွားခဲ့ပြီး မြို့၏ အနောက်ဘက် အပိုင်းများမှာ အစိုးရ၏ ထိန်းချုပ်မှုအောက်တွင်ရှိပြီး အရှေ့ပိုင်း ခရိုင်များကိုမူ သူပုန်များက ထိန်းချုပ်ထားကြောင်း သိရသည်။

သို့သော် ပြီးခဲ့သည့် သီတင်းပတ် သုံးပတ်တွင်မူ အလက်ပို အရှေ့ပိုင်း နေရာ ၉၉ ရာခိုင်နှုန်းကို အစိုးရက ပြန်လည် သိမ်းယူနိုင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.