Africa & Middle East
ဇင်ဘာဘွေနိုင်ငံ သမ္မတ Mnangagwa က ဒုတိယသက်တမ်းအတွက် ရွေးချယ်ခံရကြောင်း ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်

ဟာရာရီ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)
ဇင်ဘာဘွေနိုင်ငံအား ကာလရှည် အုပ်ချုပ်ခဲ့သည့် ရောဘတ် မူဂါဘီ ရာထူးမှဖယ်ရှားခံရပြီးနောက် သြဂုတ်လ ၃ ရက်က ပြုလုပ်သော ပထမဆုံး သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိ သမ္မတ Emmerson Mnangagwa က ပွက်ကာသီကာ အနိုင်ရခဲ့ပြီး လွှတ်တော်တွင်လည်း သုံးပုံနှစ်ပုံရကာ အများစု နေရာရရှိထားခဲ့သည် သိရသည်။
Mnangagwa သည် မဲ ၂,၄၆၀,၄၆၃ ရရှိခဲ့ပြီး စုစုပေါင်း မဲများ၏ ၅၀.၈ ရာခိုင်နှုန်းရှိကြောင်း ဇင်ဘာဘွေနိုင်ငံ ရွေးကောက်ပွဲကော်မရှင် (ZEC) က သြဂုတ်လ ၄ ရက်တွင် ကြေညာခဲ့သည်။
၎င်း၏ အကြီးဆုံး ပြိုင်ဘက်ဖြစ်သော အတိုက်အခံ MDC Alliance မှ Nelson Chamisa က ဆန္ဒမဲ၏ ၄၄.၃ ရာခိုင်နှုန်းရရှိခဲ့သည်။ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အခြား ၂၁ ဦးက ကျန်ရှိသည့် ဆန္ဒမဲများကို မျှဝေရရှိခဲ့သည်။
Mnangagwa က ၎င်း၏ အောင်နိုင်မှုအား “ထောင်လွှားမှုမရှိကြောင်း” ပြောကြားခဲ့သည်။
“ရွေးကောက်ပွဲ ဆန္ဒမဲရရှိမှုတွေက ကျွန်တော်တို့ကို ခွဲခြားခဲ့ပေမယ့် ကျွန်တော်တို့ရဲ့ အိပ်မက်တွေမှာ စည်းလုံးကြရမှာပါ” ဟု Mnangagwa က တွစ်တာပေါ်၌ ရေးသားထားသည်။
အသက် ၇၅ နှစ်ရှိပြီဖြစ်သော Mnangagwa သည် သမ္မတဟောင်း ရောဘတ်မူဂါဘီပြီးနောက် ဇင်ဘာဘွေ၏ ဒုတိယယမြောက် သမ္မတဖြစ်လာခဲ့ခြင်း ဖြစ်သည်။ (Xinhua)