Connect with us

Africa & Middle East

နိုင်ဂျီးရီးယား နိုင်ငံ အနောက်မြောက်ပိုင်း ဒေသ တွင် စက်လှေ တိမ်းမှောက်မှု ဖြစ်ပွား လူပေါင်း ၂၁ ဦး သေဆုံး

နိုင်ဂျီးရီးယား နိုင်ငံ တွင် ရှိ ပြည်သူလူထု များ ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်နေစဉ်(ဆင်ဟွာ)

အဘူဂျာ ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယား နိုင်ငံ အစိုးရ က သြဂုတ်လ ၂ ရက် ၌ နိုင်ငံ အနောက်မြောက်ပိုင်း Sokoto ပြည်နယ် တွင် စက်လှေ တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၂၁ ဦး သေဆုံး ခဲ့ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

နိုင်ဂျီးရီးယား နိုင်ငံ အရေးပေါ်ကိစ္စရပ်များ ဖြေရှင်းရေး ဌာန ၏ သြဂုတ်လ ၃ ရက် ထုတ်ပြန်ချက်အရ တိမ်းမှောက်မှု ဖြစ်ပွား ခဲ့သည့် စက်လှေပေါ်တွင် လူပေါင်း ၅၀ ဦး လိုက်ပါသွားခဲ့ပြီး သြဂုတ်လ ၂ ရက် ညပိုင်း အချိန်တွင် Sokoto ပြည်နယ် ၌ လေပြင်းတိုက်ခတ်မှု ခံရသဖြင့် တိမ်းမှောက်ခဲ့ရကြောင်း ၊ အခင်းဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူပေါင်း ၂၉ ဦး အား ကယ်ဆယ် နိုင်ခဲ့ပြီး ကျန် ၂၁ ဦး သေဆုံး ခဲ့ရကြောင်း ၊ သေဆုံးသူများအနက် အမျိုးသမီး ၁၇ ဦး နှင့် ကလေးငယ် ၄ ဦး ပါဝင်ကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များအရ တိမ်းမှောက်ခဲ့သည့် စက်လှေ တွင် လိုက်ပါခဲ့ကြသူများသည် လတ်တလော ရက်ပိုင်း အတွင်း လက်နက်ကိုင် အဖွဲ့အစည်း ၏ တိုက်ခိုက်မှု ခံရသဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးသူများ ဖြစ်ကြကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.