မန်နာဂွာ ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးပြန်လည်ထူထောင်ခဲ့ပြီးနောက် နီကာရာဂွေးနိုင်ငံတွင် တရုတ်နိုင်ငံ၏ သံရုံးကို ဒီဇင်ဘာ ၃၁ ရက်တွင် ပြန်လည်ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
ခါတွမ်း၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံ၏ အသွင်ကူးပြောင်းရေး အချုပ်အခြာအာဏာပိုင်ကောင်စီက ဆန္ဒပြသူလေးဦးသေဆုံးပြီး အခြားသူရာနှင့်ချီ၍ ဒဏ်ရာရရှိစေခဲ့သော ဒီဇင်ဘာ ၃၀ ရက် လူထုဆန္ဒပြမှုများအတွင်း အကြမ်းဖက်မှုအား ဒီဇင်ဘာ ၃၁ ရက်က ရှုတ်ချခဲ့ကြောင်း သိရသည်။ အာဏာပိုင်များအနေဖြင့် ထိုကဲ့သို့မကြာခဏဖြစ်ပေါ်နေသော ဖြစ်ရပ်များအား ကာကွယ်ရန် ဥပဒေကြောင်းအရနှင့်...
အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ပါကစ္စတန်သမ္မတအိမ်တော်က နှစ်သစ်ကူးပွဲတော် အခမ်းအနားများအနက် တစိတ်တစ်ပိုင်းအဖြစ် ဇန်ဝါရီ ၁ ရက်တွင် အိမ်တော်တံခါးအား အများပြည်သူများအတွက် ဖွင့်လှစ်ပေးသွားမည်ဟု အိမ်တော်က ဒီဇင်ဘာ ၃၁ ရက်က ကြေညာခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ မြို့တော် အစ္စလာမ်မာဘတ်၏ လုံခြုံရေးမြင့်မားသည့် အနီရောင်ဇုန်တွင်...
ဂါဇာ ၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်နှင့်အတူ နယ်စပ်တစ်လျှောက်၌ အစ္စရေးဘက်က လုံခြုံရေးတင်းကြပ်စွာ ပိတ်ဆို့လိုက်သည့်အပေါ် အစ္စလာမ်မစ်ခုခံရေးလှုပ်ရှားမှု(ဟားမက်စ်) အဖွဲ့က ဒီဇင်ဘာ ၂၉ ရက်တွင် ဝေဖန်ပြောကြားလိုက်သည်။ “al-Qassam တပ်မဟာများ” ဟုလူသိများသည့် ဟားမက်စ်လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် အေမန်နျူဖဲလ် (Ayman Noufal) က ဂါဇာမြို့၌...
LATAKIA ၊ ဆီးရီးယား ၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံ၏ ကမ်းရိုးတန်းမြို့ Latakia ၏ စီးပွားရေးပင်လယ်ဆိပ်ကမ်းသို့ ဒီဇင်ဘာ ၂၈ ရက်အစောပိုင်းတွင် အစ္စရေးနိုင်ငံက ဒုံးကျည်တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ရာ ကုန်သေတ္တာထားရာ စင်္ကြံနေရာများ ထိခိုက်ပျက်စီးခဲ့ပြီး မီးလောင်ကျွမ်းမှု အကြီးအကျယ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းမှာ...
ကိုင်ရို၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ) ဖာရိုဘုရင် Amenhotep I၏ မံမီရုပ်လောင်းကို အီဂျစ်သုတေသီများက ယခုရက်ပိုင်းများတွင် CT scan စသည့် နည်းပညာများ အသုံးပြုကာ ပထမဆုံးအကြိမ်အဖြစ် ဒီဂျစ်တယ်နည်းလမ်းသုံးကာ ဖွင့်ကြည့်ခဲ့ပြီး ၎င်း၏မျက်နှာပုံစံလက္ခဏာအသေးစိတ်ကို ထုတ်ဖော်ပြသခဲ့ကြောင်း အီဂျစ်နိုင်ငံ ခရီးသွားနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။...
အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်၊ ဟန်ဂူးခရိုင်တွင် ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ကလေး ၃ ဦး အပါအဝင် လူ ၆ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဒီဇင်ဘာ ၂၈ ရက်၌ သတင်းဖော်ပြခဲ့သည်။ အဆိုပါ...
မော်စကို ၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသည် မကြာသေးမီက တာဂျစ်ကစ္စတန်နိုင်ငံအား လက်နက်ကိရိယာများ ပံ့ပိုးပြီး ၎င်း၏ကာကွယ်ရေးစွမ်းရည်ကိုမြှင့်တင်ပေးခဲ့ကြောင်း ရုရှား သမ္မတ ပူတင်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ယင်းပံ့ပိုးမှုသည် ပြင်ပအန္တရာယ်ကို ရင်ဆိုင်တုန့်ပြန်ရာတွင် အထောက်အကူပြုစေဖို့ ရည်ရွယ်ကြောင်း ရုရှားနိုင်ငံ စိန့်ပီတာစဘတ်သို့ လာရောက်လည်ပတ်သည့် တာဂျစ်ကစ္စတန်သမ္မတ Emomali...
ဒမတ်စကပ်စ် ၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံအနှံ့ ယခင်စစ်ပွဲဖြစ်ပွားသည့် နယ်မြေများ၌ ကျန်ရှိသော မြေမြှုပ်မိုင်းများ နှင့် အခြားပေါက်ကွဲနိုင်သောပစ္စည်းများကြောင့် ၂၀၂၁ ခုနှစ်အတွင်း အရပ်သား ၂၄၁ ဦး သေဆုံးခဲ့ကြောင်း စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့တစ်ခုက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ပေါက်ကွဲမှုများကြောင့် သေဆုံးသူများတွင် ကလေးငယ်...
ပေကျင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (Xi Jinping) သည် Adama Barrow အား ဂမ်ဘီယာသမ္မတအဖြစ် ပြန်လည်အရွေးခံရခြင်းအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ဒီဇင်ဘာ ၂၄ ရက်တွင်ပေးပို့ခဲ့သည်။