Connect with us

Africa & Middle East

အမေရိကန်နှင့် ဗြိတိန်တို့က ယီမင်နိုင်ငံရှိ ဟူသီသူပုန်များကို တိုက်ခိုက်ခြင်းက ဒေသတွင်းအခြေနေများအား ရှုပ်ထွေးစေမည်ဟု ပညာရှင်ပြောကြား

ယီမင်နိုင်ငံ၊ ဆန်နာမြို့ရှိ လူထုစုဝေးပွဲတစ်ခုတွင် စုဝေးနေကြသော ယီမင်နိုင်ငံသားများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်-ဗြိတိန်က များမကြာမီအချိန်အတွင်း ယီမင်နိုင်ငံရှိ ဟူသီသူပုန်များကို လေကြောင်း တိုက်ခိုက်ခြင်းမှာ ဒေသတွင်း အခြေအနေကို ပိုမိုဆိုးရွားစေပြီး ထိုနေရာတွင် ပဋိပက္ခကို ပိုမိုကျယ်ပြန့်လာနိုင်ကြောင်း အီရန်လေ့လာသုံးသပ်သူတစ်ဦးက ပြောကြားခဲ့သည်။ယင်းတိုက်ခိုက်မှုများသည် ယီမင်နိုင်ငံမြို့တော် ဆန်နာနှင့် အခြားနေရာများရှိ ဟူသီသူပုန်များ၏ စစ်ဘက်ဆိုင်ရာ နေရာများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။မကြာသေးမီ ရက်သတ္တပတ်များအတွင်းက ပင်လယ်နီဒေသအတွင်း အစ္စရေးသင်္ဘောများကို ဟူသီတို့၏တိုက်ခိုက်မှုများအားလက်တုံ့ပြန်ခြင်းဟု အမေရိကန်နှင့် ဗြိတိန်တို့က ပြောခဲ့ကြသည်။ ဟူသီတို့ကလည်း ပါလက်စတိုင်းများနှင့် စည်းလုံးညီညွတ်မှုများ ပြသရန်နှင့် ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်မှုများ အဆုံးသတ်စေရေးအတွက် အစ္စရေးကို ဖိအားပေးရန် ပင်လယ်နီရှိ အစ္စရေးသင်္ဘောများကို တိုက်ခိုက်ခြင်းဟုပြောခဲ့ကြသည်။

အမေရိကန်-ဗြိတိန်တို့၏ တိုက်ခိုက်မှုများက ဟူသီသူပုန်များကို ၎င်းတို့၏ စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နေခြင်းအား ရပ်တန့်စေမည်မဟုတ်ဘဲ ၎င်းတို့၏ မဟာမိတ်များထံမှ လက်တုံ့ပြန်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း တီဟီရန်အခြေစိုက် နိုင်ငံတကာရေးရာ လေ့လာသုံးသပ်သူ Hassan Beheshtipour က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ယင်းကျွမ်းကျင်သူ၏ အဆိုအရ ဟူသီများက အမေရိကန်နှင့် ဗြိတိန်တို့ကို ပြန်လည်တိုက်ခိုက်နိုင်ဖွယ် ရှိကြောင်း သိရသည်။ အမေရိကန်နိုင်ငံအနေဖြင့် အစ္စရေးဘက်မှ ရပ်တည်၍ ဟူသီသူပုန်များကို တိုက်ခိုက်မည့်အစား ဂါဇာကမ်းမြောင်ဒေသအပေါ် ရန်လိုတိုက်ခိုက်မှုများကို ရပ်တန့်ရန် အစ္စရေးအား ဖိအားပေးသင့်ကြောင်း Beheshtipour က ပြောကြားခဲ့သည်။

အမေရိကန်-ဗြိတိန်တ၏ တိုက်ခိုက်မှုများက နိုင်ငံတကာဥပဒေနှင့် နှစ်ပေါင်းများစွာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ခံစားနေရသည့် ယီမင်နိုင်ငံ၏ အချုပ်အခြာအာဏာကိုလည်း ချိုးဖောက်ဖြင်းဖြစ်ကြောင်း Beheshtipour က ပြောကြားခဲ့သည်။

နိုင်ငံတကာအသိုက်အဝန်းက တိုက်ခိုက်မှုများကို ရှုတ်ချရန်နှင့် ယီမင်နှင့် ဂါဇာရှိ ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းရေး ညှိနှိုင်းဆွေးနွေးမှုကို ထောက်ခံ၍ ပြည်သူများ၏အခွင့်အရေးကို လေးစားလိုက်နာမှုရှိရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)
————————————-
U.S.-Britain strikes against Yemen’s Houthis to complicate regional circumstances: expert
TEHRAN, Jan. 14 (Xinhua) — The recent U.S.-Britain airstrikes against Yemen’s Houthis would worsen the regional situation and expand the scope of the conflict there, an Iranian analyst has said.
The strikes hit the capital Sanaa and other areas where the Houthis have military sites.
The United States and Britain said they were responding to the rebels’ attacks on Israeli vessels in the Red Sea in recent weeks, while the Houthis said they attacked the ships to show solidarity with the Palestinians and to pressure Israel to end its attacks on Gaza.
Hassan Beheshtipour, a Tehran-based international affairs analyst, told Xinhua that the U.S.-British strikes would not stop the Houthis from continuing their operations and could provoke retaliation from their allies.
According to the expert, the Houthis would likely take actions resisting the United States and Britain.
Instead of siding with Israel and attacking the Houthis, the United States should pressure Israel to stop its aggression on Gaza, Beheshtipour said.
The U.S.-Britain strikes also violated international law and the sovereignty of Yemen, which has been suffering from a humanitarian crisis for years, Beheshtipour added.
He urged the international community to condemn the attacks and support a peaceful resolution of the conflicts in Yemen and Gaza based on dialogue and respect for the rights of the people. Enditem
Yemenis participate in a rally in Sanaa, Yemen, on Jan. 12, 2024. (Photo by Mohammed Mohammed/Xinhua)