နိုင်ရိုဘီ၊ မတ် ၃၁ ရက်(ဆင်ဟွာ) အာဖရိက ဦးချိုဒေသတွင် ဆိုးဝါးသည့် မိုးခေါင်ရေရှား ဖြစ်ပွားမှုကြောင့် အီသီယိုးပီးယား၊ ကင်ညာနှင့် ဆိုမာလီယာနိုင်ငံများတွင် လူပေါင်း ၁၃ သန်း စားနပ်ရိက္ခာမလုံလောက်မှုဒဏ် ပြင်းထန်စွာ ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး(OCHA)က ယခုရက်ပိုင်းတွင် ပြောကြားခဲ့သည်။ ကင်ညာနိုင်ငံ အရှေ့ပိုင်း Kilifi...
စကော့ဂျီ ၊ မတ် ၂၉ ရက်(ဆင်ဟွာ) မြောက်မက်ဆီဒိုးနီးယားနိုင်ငံသည် ရုရှားသံတမန် ၅ ဦးအား မကြိုဆိုထိုက်သူများအဖြစ် ကြေညာခဲ့ကြောင်း မြောက်မက်ဆီဒိုးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။
မွမ်ဘာဆာ (ကင်ညာ)၊ မတ် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဆက်သွယ်ရေးလမ်းကြောင်း ဆောက်လုပ်ရေးကုမ္ပဏီလုပ်ငန်းအဖွဲ့ကတာဝန်ယူတည်ဆောက်သည့် ကင်ညာနိုင်ငံ မွန်ဘာဆာ ရေနံတင်သင်္ဘောဆိပ်ကမ်း စီမံကိန်းသည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ တွင် တရားဝင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီတွင် သက်ဆိုင်ရာသို့လွှဲပြောင်းပေးအပ်ကာ စတင်အသုံးပြုတော့မည်ဖြစ်ကြောင်း သိရသည်။ တစ်ချိန်တည်းမှာပင်...
ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျဦးဆောင်သည့် နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်က မတ် ၂၅ ရက်ညပိုင်းမှ ၂၆ ရက် နံနက်အထိ ယီမင် ဟူသီလက်နက်ကိုင်များ၏ ယီမင်မြို့တော် ဆာနာနှင့် အနောက်ပိုင်းဆိပ်ကမ်းမြို့ ဟူဒေးဒါရ်ရှိ ပစ်မှတ်အများအပြားကို လေကြောင်းတိုက်ခိုက်ခဲ့သည်။ ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၇ ဦးသေဆုံးခဲ့ကြောင်း...
ကဘူးလ်၊ မတ် ၂၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အိမ်စောင့်အစိုးရ၊ ပညာရေးဝန်ကြီးဌာနက ပညာသင်နှစ်အသစ်ကို မတ်၂၃ ရက်က စတင်ခဲ့ပြီး အာဖဂန် ကလေးငယ် သန်းပေါင်းများစွာသည် စာသင်ကျောင်းများသို့ သွားရောက်နေပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။
ကဘူးလ်၊ မတ် ၂၂ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံအတွင်း အိုင်အက်စ် (IS) တည်ရှိနေသည်ဟူသော အမေရိကန် တပ်မှူးတစ်ဦး၏ ပြောကြားချက်မှာ အခြေအမြစ်မရှိကြောင်း အာဖဂန်နစ္စတန် အိမ်စောင့်အစိုးရက ပယ်ချလိုက်သည်ဟု ဒေသတွင်းမီဒီယာက မတ် ၂၁ ရက်၌ သတင်းဖော်ပြခဲ့သည်။
ဘူဒါပတ်/ဝါဆော ၊ မတ် ၂၁ ရက်(ဆင်ဟွာ) လေယာဉ်ပေါ်တွင် ဗုံးတစ်လုံးပါသည်ဟူသော သတင်းပေးပို့ချက်လက်ခံရရှိခဲ့ပြီးနောက်တွင် ဟန်ဂေရီတိုက်ခိုက်ရေးဂျက်လေယာဉ်များသည် အရပ်သားလေယာဉ်တစ်စင်းအား ကြားဖြတ်ဟန့်တားမှုပြုလုပ်ရန် မတ် ၁၉ ရက် ညပိုင်းက အသင့်အနေအထား လုပ်ဆောင်ခဲ့ရကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ မတ် ၂၀ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အရပ်ဘက်သုံးလေယာဉ်တစ်စင်းဖြစ်သည့် Airbus A321 လေယာဉ်ကြောင့်...
ရီယာ့ဒ် ၊ မတ် ၂၁ ရက်(ဆင်ဟွာ) ဆော်ဒီအာရေးဗျရေနံကုမ္ပဏီ(Aramco) က ၎င်း၏ ၂၀၂၁ ခုနှစ်အတွက် အသားတင်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁၁၀ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၁၂၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း မတ် ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ဆော်ဒီအာရေးဗျ၏ အကြီးဆုံးရေနံကုမ္ပဏီကြီးဖြစ်သော Aramco...
ဒါကာ ၊ မတ် ၂၁ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မြို့တော် ဒါကာမြို့အပြင်ဘက် Narayanganj ခရိုင်ရှိ မြစ်တစ်စင်းအတွင်း ခုတ်မောင်းသွားလာနေသော ကူးတို့လှေတစ်စင်းသည် မတ် ၂၀ ရက်တွင် အခြားကုန်တင်သင်္ဘောတစ်စင်းနှင့် တိုက်မိမှုဖြစ်ပွားပြီးနောက် တိမ်းမှောက်သွားခဲ့ကြောင်း ၊ ကယ်ဆယ်ရေးသမားများသည် မြစ်အတွင်း ရုပ်အလောင်း ၆ ခုအား ရှာဖွေတွေ့ရှိခဲ့ကြောင်း...
ဘဲလ်ဂရိတ်၊ မတ် ၁၉ ရက် (ဆင်ဟွာ) ဆားဘီးယားနိုင်ငံ မြို့တော် ဘဲလ်ဂရိတ်၌ မတ် ၁၇ ရက်ကကျင်းပသည့် ဘောလုံးပွဲစဉ်တစ်ခုတွင် ပွဲကြည့်ပရိသတ်များက အမေရိကန်နှင့် နေတိုး (NATO) တို့မှ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ဗုံးကြဲတိုက်ခိုက်ခြင်း သို့မဟုတ် စစ်ပွဲစတင်ခဲ့သည့် နိုင်ငံနှင့် ဒေသများကို အသေးစိတ်ရေးသားထားသည့် စာတန်း...