Connect with us

Africa & Middle East

လုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်စဲရေးဆုံးဖြတ်ချက် အကောင်အထည်ဖော်ရန် အဘယ်ကြောင့် ခက်ခဲနေသနည်း

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းရှိ ခန်ယွန်းနစ်မြို့တွင် အဆောက်အအုံအပျက်အစီးများကို မတ် ၆ ရက်က အမျိုးသားတစ်ဦးက ရှင်းလင်းနေစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း ဂါဇာမြို့၏ စစ်ရေးလှုပ်ရှားမှုတွင် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ၏ အကြီးတန်းခေါင်းဆောင်တစ်ဦး သေဆုံးခဲ့ကြောင်း၊ အစ္စရေးစစ်တပ်သည် ရှီဖာဆေးရုံနှင့် အနီးတစ်ဝိုက်ဒေသများတွင် စစ်ရေးလှုပ်ရှားမှုများ ရက်အတော်ကြာ လုပ်ဆောင်ခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးသမားများ ရောက်ရှိနိုင်ခြင်း မရှိသဖြင့် အသေအပျောက် အရေအတွက်ကို မသိရသေးကြောင်း ဂါဇာကမ်းမြောင်ဒေသ သတင်းရင်းမြစ်က ဆင်ဟွာသတင်းထောက်အား ပြောခဲ့သည်။

ရမ်ဇာန်လအတွင်း ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ချက်ချင်းရပ်စဲရန် တောင်းဆိုသည့် ဆုံးဖြတ်ချက် အမှတ် ၂၇၂၈ ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မကြာသေးမီရက်က အတည်ပြုခဲ့ကြောင်း၊ သို့သော် ဂါဇာကမ်းမြောင်ဒေသတွင် နေ့စဉ်ရက်ဆက် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် ဆက်လက်ဆိုးရွားလျက်ရှိကြောင်း သိရသည်။ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရန် အဘယ်ကြောင့်ခက်ခဲနေသနည်း။ အစ္စရေးသည် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ခြင်းဖြင့် စေ့စပ်ညှိနှိုင်းမှုများတွင် ၎င်း၏ လွှမ်းမိုးမှုကို တိုးမြှင့်ရန် ကြိုးပမ်းနေခြင်း၊ အစ္စရေး၏ အဓိက ထောက်ခံသူ အမေရိကန်အနေဖြင့်လည်း အစ္စရေးအား လက်တွေ့ကျ ဖိအားပေးအရေးယူဆောင်ရွက်မှုများ မလုပ်ဆောင်ခြင်းစသည်တို့ကြောင့်ဟု လေ့လာသုံးသပ်သူများက ယူဆကြသည်။

အစ္စရေးစစ်တပ်၏ ထိုးစစ် အစဉ်အားကောင်းနေခြင်း

အပစ်အခတ်ရပ်စဲရေး တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီက မတ် ၂၅ ရက်တွင် အတည်ပြုပြီး နာရီပိုင်းအကြာ အမေရိကန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က ဂါဇာကမ်းမြောင်ဒေသ၌ ထိန်းသိမ်းခံထားရသော အစ္စရေးနိုင်ငံသားများအားလုံး ပြန်မလွှတ်ပေးမီအထိ အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများကို ရပ်တန့်မည်မဟုတ်ဟု ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း၊ နောက်တစ်နေ့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် နှင့် တွေ့ဆုံရာတွင် Gallant က အစ္စရေး “အကြွင်းမဲ့ အောင်ပွဲခံနိုင်မှသာလျှင်” ပဋိပက္ခအဆုံးသတ်မည်ဟု ထပ်မံအလေးပေးပြောကြားခဲ့ကြောင်း သိရသည်။

မကြာသေးမီရက်များအတွင်း ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းတွင် အစ္စရေးစစ်တပ်က ရှီဖာဆေးရုံကို စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း၊ ရှီဖာဆေးရုံသည် ဂါဇာကမ်းမြောင်တွင် အကြီးဆုံးဆေးရုံဖြစ်ကြောင်း၊ အစ္စရေးစစ်တပ်သည် “ရှီဖာဆေးရုံတွင် ဟားမက်စ်၏ တိုက်ခိုက်ရေး ကွပ်ကဲမှုစင်တာနှင့် စစ်လက်နက်ပစ္စည်းများကို ဝှက်ထားသည်”ဟု စွပ်စွဲကာ ယခင်နှစ် နိုဝင်ဘာလက ယင်းဆေးရုံကို တိုက်ခိုက်ခဲ့ကြောင်း၊ သို့သော် ပါလက်စတိုင်းက ဤထုတ်ပြန်ချက်ကို ငြင်းဆိုခဲ့ကြောင်း၊ ယခုနှစ် မတ် ၁၈ ရက်မှစ၍ အစ္စရေးစစ်တပ်သည် အလားတူအကြောင်းပြချက်ဖြင့် ရှီဖာဆေးရုံကို ထပ်မံတိုက်ခိုက်ခဲ့ရာ အသေအပျောက်အများအပြားရှိခဲ့ကြောင်း သိရသည်။

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းရှိ ရာဖာမြို့သည် လတ်တစ်လော အစ္စရေးစစ်တပ်၏ အဓိက ထိုးစစ်ပစ်မှတ်ဖြစ်ကြောင်း၊ မတ် ၂၈ ရက်က ရာဖာမြို့တစ်နေရာရှိ လူနေအိမ်များကို လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ရာ ၁၂ ဦးကျော် သေဆုံးခဲ့ကြောင်း၊ သန်းနှင့်ချီသော ပါလက်စတိုင်းများမှာ ရာဖာမြို့ နှင့် အီဂျစ် နယ်စပ်တွင် ခိုလှုံနေရကြောင်း သိရသည်။ ရာဖာမြို့သည် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်စ်၏ နောက်ဆုံး အဓိကအမာခံနယ်မြေဖြစ်ကြောင်း၊ ရာဖာမြို့တွင်ရှိသော ဟားမက်စ်၏ တပ်ရင်း ၄ ခုကို “လုံးဝ တိုက်ဖျက်” နိုင်မျှသာလျှင် ဟားမက်စ်ကို ချေမှုန်းရေး၊ ထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးရေးနှင့် ဂါဇာကမ်းမြောင်ဒေသက အစ္စရေးအား နောက်ထပ် ခြိမ်းခြောက်မှုမရှိစေရေး စသည့် ယခု စစ်ဆင်ရေး၏ အဓိကပန်းတိုင်သုံးခုကို အရောက်လှမ်းနိုင်မည်ကြောင်း အစ္စရေးက ဆိုခဲ့သည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုများကြောင့် စုစုပေါင်းလူ ၆၂ ဦး သေဆုံးကာ ၉၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဌာနမှ မတ် ၂၈ ရက်တွင် ထုတ်ပြန်သော အချက်အလက်အရ သိရသည်။ လွန်ခဲ့သောနှစ် အောက်တိုဘာလက ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအသစ်တစ်ဖန်ဖြစ်ပွားချိန် မှစ၍ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏စစ်ဆင်ရေးကြောင့် လူပေါင်း ၃၂,၅၀၀ ကျော် သေဆုံးပြီး ၇၅,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စေ့စပ်ညှိနှိုင်းရေးတွင် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေသို့ ရောက်ရှိနေခြင်း

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို အတည်ပြုပြီး နောက်တစ်နေ့တွင် အစ္စရေးက ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုကိုယ်စားလှယ်များကို ကာတာမြို့တော် ဒိုဟာမှ ရုပ်သိမ်းခဲ့ပြီး စေ့စပ်ညှိနှိုင်းမှုမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေသို့ ပြန်လည်ရောက်ရှိသွားကြောင်း သိရသည်။

လက်ရှိတွင် ဂါဇာကမ်းမြောင်တွင် အစ္စရေးအမှုထမ်းအချို့ကို ထိန်းသိမ်းထားဆဲဖြစ်ပြီး ၎င်းတို့ ပြန်လည်လွတ်မြောက်ရေးသည် အစ္စရေး၏ အရေးကြီးဦးတည်ချက်ဖြစ်ကြောင်း၊ ယင်းမှာလည်း အပစ်အခတ်ရပ်စဲရေးစေ့စပ်ညှိနှိုင်းရေးကို နှောင့်နှေးစေသော အဓိကအကြောင်းရင်းဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များသည် အစ္စရေးအပေါ် ဖိအားပေးမှု နည်းပါးပြီး အစ္စရေးနှင့် ဟားမက်စ်တို့ကြား အပစ်အခတ်ရပ်စဲရေးအခြေအနေများ ညှိနှိုင်းမှု အပြည့်အဝ မရရှိခင် အစ္စရေးအနေဖြင့် ဗျူဟာမြောက် ပြန်လည်ဆုတ်ခွာရန် မဖြစ်နိုင်ကြောင်း အစ္စရေး ဒေသဆိုင်ရာ နိုင်ငံခြားရေးမူဝါဒဌာန၏ ဒါရိုက်တာ Nimrod Gorenက ဆင်ဟွာသတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

အမေရိကန်၏ အစ္စရေးအပေါ် ထောက်ခံမှုမှာ မပြောင်းလဲခြင်း

ယခင်က ဖျက်သိမ်းခဲ့သည့် အမေရိကန်သို့ သွားရောက်မည့် ခရီးစဉ်ကို ပြန်လည်ချိန်းဆိုရန် အစ္စရေးက သဘောတူညီခဲ့ပြီး ခရီးစဉ်၏ တိကျသောအချိန်ကို နှစ်ဖက်စလုံးက ဆွေးနွေးလျက်ရှိကြောင်း အမေရိကန် အိမ်ဖြူတော်က မတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။ အစ္စရေးကိုယ်စားလှယ်အဖွဲ့သည် အစောဆုံးအနေဖြင့် လာမည့်သီတင်းပတ်တွင် အမေရိကန်သို့ သွားရောက်မည်ဖြစ်ကြောင်း အစ္စရေးတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အတည်ပြုပြီးနောက်တွင် အစ္စရေးသည် အဆိုပါဆုံးဖြတ်ချက်အား အမေရိကန်က ကန့်ကွက်မဲမပေးခဲ့ခြင်းအပေါ် မကျေနပ်ကြောင်း လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့ပြီး အမေရိကန်သို့ ၎င်း၏ အမေရိကန်သို့သွားရောက်မည့် မူလအစီအစဉ်ကို ဖျက်သိမ်းခဲ့သည်ဟု ကြေညာခဲ့ကြောင်း သိရသည်။ သို့သော်လည်း အမေရိကန်-အစ္စရေးဆက်ဆံရေးတွင် သိသိသာသာ ပြောင်းလဲလာမည်မဟုတ်ဟု လေ့လာသုံးသပ်သူများက ထင်မြင်ကြသည်။

ဘိုင်ဒန်အစိုးရသည် လုံခြုံရေးကောင်စီ၏ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဆိုင်ရာ ဆုံးဖြတ်ချက်များအား အကြိမ်ကြိမ် အတားအဆီးများ ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်အနေဖြင့် တစ်ဦးတည်း ကန့်ကွက်နေခြင်းထပ်မလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးကို မြှင့်တင်ရန် စိတ်ရင်းမှန်ဖြင့် လုပ်ဆောင်ခြင်းထက် ပြည်တွင်းနှင့် ပြည်ပဖိအားများကြောင့် “ဟန်ဆောင်လုပ်ပြနေရခြင်း” ဖြစ်ကြောင်း၊ မိမိတို့ ပေးသောဆန္ဒမဲက မူဝါဒအပြောင်းအလဲကို ကိုယ်စားမပြုနိုင်ကြောင်း” အမေရိကန် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ မဟာဗျူဟာမြောက် ဆက်သွယ်ရေးညှိနှိုင်းရေးမှူး John Kirby က ပြောကြားခဲ့သည်။

အိမ်ဖြူတော် သို့မဟုတ် ကွန်ဂရက်မှဖြစ်စေ အစ္စရေးအပေါ် အမေရိကန်၏ ဝေဖန်မှုသည် ပြည်တွင်းပြည်ပရှိ ဝေဖန်သူများအား အစ္စရေးကို ထိန်းချုပ်နိုင်ရန် အမေရိကန်က အမှန်တကယ် တစ်ခုခုလုပ်ဆောင်ခဲ့ကြောင်း သက်သေပြရန်သာ ဖြစ်ကြောင်း၊ သို့သော် အမေရိကန်သည် စစ်ရေးအကူအညီများ ဖြတ်တောက်ခြင်းကဲ့သို့သော ပြင်းထန်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်မည်မဟုတ်ကြောင်း နှစ်လတစ်ကြိမ်ထုတ်ပြန်သော “National Interest” ၏ ဝက်ဘ်ဆိုဒ်တွင် နိုင်ငံခြားရေးမူဝါဒဌာန အကြီးတန်းသုတေသီ Leon Hada က ဆောင်းပါးတစ်ပုဒ်၌ ဖော်ပြခဲ့သည်။

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအပေါ် အမေရိကန်၏ အခြေခံရပ်တည်ချက်မှာ မပြောင်းလဲသေးကြောင်း၊ အစ္စရေး၏ ရည်မှန်းချက်များ အောင်မြင်ရန် အမေရိကန်က စစ်ရေးအရ၊ နိုင်ငံရေးအရနှင့် လူထုအသံများတွင် ဆက်လက်ကူညီနေကြောင်း၊ ဘိုင်ဒန်အစိုးရအဖွဲ့သည် ပြည်တွင်းရွေးကောက်ပွဲ ဖိအားများ တိုးလာနေသဖြင့် အပေါ်ယံလုပ်ဆောင်ချက်များစတင် လုပ်ဆောင်လာခဲ့ကြောင်း၊ သို့သော် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခတွင် အမေရိကန်၏ “မီးရှို့သမား” ပုံရိပ်မှာ မပြောင်းလဲနိုင်ကြောင်း ပါလက်စတိုင်း နိုင်ငံရေးလေ့လာသုံးသပ်သူ Ghassan al-Khatib က ထောက်ပြခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………………………………………………………………………………………………………….
(Chinese Version)
国际观察|安理会加沙停火决议为何难落实
新华社耶路撒冷3月29日电 以色列军方28日说,以军在加沙地带北部加沙城的军事行动中打死一名巴勒斯坦伊斯兰抵抗运动(哈马斯)高级领导人。加沙地带消息人士同日告诉新华社记者,以军连续多日在希法医院及其周边地区开展军事行动,由于救援人员无法抵达现场,死伤情况不明。
联合国安理会日前通过第2728号决议,要求斋月期间在加沙地带立即停火。但连日来加沙地带依旧冲突不断,人道主义危机持续恶化。为何安理会决议难以落实?分析人士认为,这是因为以色列试图通过军事行动增强谈判主导权,而作为以色列最主要支持者的美国也没有采取实质性措施对以施压。
以军攻势不减
安理会25日通过要求停火的决议后仅数小时,正在美国访问的以色列国防部长加兰特就发表声明说,在所有被扣押在加沙地带的以方人员获释前,以方不会停止军事行动。次日,加兰特在会见美国国务卿布林肯时再次强调,只有以色列实现“绝对胜利”,冲突才会结束。
连日来,在加沙地带北部,以军持续对希法医院采取军事行动。希法医院是加沙地带最大的医院。以军去年11月曾对这所医院发起攻击,声称“这里藏有哈马斯的作战指挥中心和军事装备”,但巴方否认这一说法。从本月18日开始,以军再次以同样理由攻打希法医院,造成大量人员伤亡。
在加沙地带南部,拉法是以军近来的重点攻击目标。以军28日对拉法一处住宅发动空袭,至少12人死亡。拉法与埃及接壤,目前有上百万巴勒斯坦人在此避难。以方称,拉法是哈马斯在加沙地带的最后一个主要据点,只有 “彻底摧毁” 哈马斯在拉法的4个营,以色列才能实现此次军事行动的三大目标,即消灭哈马斯、全部被扣押人员获释、确保加沙地带不再对以色列构成威胁。
据加沙地带卫生部门28日发布的数据,以军军事行动在过去24小时共造成62人死亡、91人受伤。去年10月新一轮巴以冲突爆发以来,以色列在加沙地带的军事行动已造成超过3.25万人死亡、约7.5万人受伤。
谈判陷入僵局
安理会通过决议次日,以色列从卡塔尔首都多哈撤走参加加沙停火谈判的代表,使谈判再次陷入僵局。分析人士指出,目前谈判主要难点在于,双方未能就交换被扣押人员问题达成一致。
以色列地区外交政策研究所所长尼姆罗德·戈伦告诉新华社记者,目前仍有一些以方人员被扣押在加沙地带,让他们获释是以方的重要目标,也是影响停火谈判的关键因素。戈伦说,安理会决议对以色列压力有限,在以色列与哈马斯完全谈拢停火条件前,以方不太可能采取战略收缩。
美国挺以未变
美国白宫27日表示,以色列方面同意重新安排先前取消的访美行程,双方正在商讨具体访问时间。以色列官员透露,以代表团将最早下周访美。
安理会决议通过后,以色列公开对美国未否决该决议表达不满,并宣布取消原定的访美计划。但分析人士认为,美以关系不会因此出现明显变化。
对于美国而言,拜登政府在多次阻挠安理会就巴以冲突通过相关决议后,终于决定不再独家否决,更多是迫于国内外压力而不得不“做做样子”,并非真心实意推动加沙停火。美国白宫国家安全委员会战略沟通协调员约翰·柯比对媒体说:“我们的投票不代表政策的转变。”
美国外交政策研究所资深研究员莱昂·哈达在美国《国家利益》双月刊网站发表文章指出,美国对以色列的批评,无论是来自白宫还是国会,都是为了向国内外的批评者证明美国“的确做了一些事情”来约束以色列,但美国不会采取更严厉的措施,比如削减军事援助。
巴勒斯坦政治分析人士加桑·哈提布指出,美国对巴以冲突的根本立场没有改变,仍然在军事、政治、舆论上帮助以色列实现其目标。拜登政府正面临与日俱增的国内选举压力,因此开始做一些表面文章,但这并不能改变美国在巴以冲突中的“纵火犯”形象。(参与记者:柳伟建、李芮)(完)
图说1:3月6日,在加沙地带南部城市汗尤尼斯,一名男子清理建筑废墟。新华社发(里泽克·阿卜杜勒贾瓦德摄)
图说2:2月20日,美国常驻联合国代表琳达·托马斯-格林菲尔德(前中)在联合国安理会就加沙地带立即实现人道停火的决议草案进行表决时投反对票。新华社记者谢锷摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.