လားဂို့စ်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံရှိ စီးပွားရေးအချက်အခြာဖြစ်သော လားဂို့စ်မြို့တွင် သုံးထပ်အဆောက်အဦ ပြိုကျပြီးနောက် ဖေဖော်ဝါရီ ၁၂ ရက်က လူ ၂ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။
ခါတွန် ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံ၏ အသွင်ကူးပြောင်းရေး အချုပ်အခြာအာဏာပိုင်ကောင်စီ ဥက္ကဋ္ဌ Abdel Fattah Al-Burhan က စစ်တပ်အနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးရရှိရန် ရည်ရွယ်ထားသည့် အမျိုးသားအဆင့် ဆွေးနွေးပွဲတစ်ခုအား လမ်းဖွင့်ထားကြောင်း ဖေဖော်ဝါရီ ၁၂ ရက်၌ အလေးအနက် ပြောကြားခဲ့သည်။
ထရီပိုလီ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံတွင် အစိုးရလုပ်ငန်းများ ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း အတည်ပြုပြောကြားလျက် ဝန်ကြီးအချို့နုတ်ထွက်ကြောင်း သတင်းများကို အစိုးရက ဖေဖော်ဝါရီ ၁၂ ရက်၌ ငြင်းဆိုခဲ့သည်။
ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက အာဖဂန်နစ္စတန်သို့ ပံ့ပိုးပေးသော အရင်းအမြစ်များသည် အာဖဂန် ပြည်တွင်းအိုးမဲ့အိမ်မဲ့များ အေးခဲသည့်ဆောင်းရာသီနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြီးကို ကျော်ဖြတ်ရာတွင် အကူအညီဖြစ်စေသလို နိုင်ငံရေးအလွှာမှ တရုတ်နိုင်ငံ၏ပါဝင်က ရေရှည်ဖြေရှင်းရေးအတွက် အထောက်အပံ့ဖြစ်စေကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ...
ဆန်နာ ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံရှိ ဟူတီစစ်သွေးကြွများက ဆော်ဒီအာရေးဗျနိုင်ငံ Abha လေဆိပ်အား ဒရုန်းပေါ်မှနေ၍ ဗုံးပစ်ချ တိုက်ခိုက်မှုတစ်ခုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ “ အဲဒီတိုက်ခိုက်မှုဟာ လေဆိပ်မှာရှိတဲ့ စစ်ဘက်ဆိုင်ရာ အရာဝတ္တုတစ်ခုကို တိတိကျကျ ထိမှန်သွားပါတယ်” ဟု...
ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) ဘာကီးနားဖားဆိုနိုင်ငံတွင် “ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသော အစိုးရအပြောင်းအလဲ” နှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်ပူပန်ကြောင်းနှင့် သမ္မတ Roch Marc Christian Kabore နှင့် အခြားအစိုးရအရာရှိများကို လွှတ်ပေးရန်နှင့် အကာအကွယ်ပေးရန် ဖေဖော်ဝါရီ ၉ ရက်၌ ကုလသမဂ္ဂက တိုက်တွန်းပြောကြားခဲ့သည်။
ဒတ်ကာ၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ) “ကျွန်တော်တို့ မျှော်လင့်နေတာကြာပြီဖြစ်တဲ့ ဒီတံတားကြီးဖွင့်လှစ်လိုက်ပါပြီ”ဟု ဆီနီဂေါနိုင်ငံ Foundiougneမြို့နေ ပြည်သူတစ်ဦးဖြစ်သည့် ဒီအောက်ဖ် အတွက်ဆိုရလျှင် နှစ်သစ်တွင် အပျော်ရွှင်ဆုံးက Foundiougneတံတားကြီး တရားဝင် ဖွင့်လှစ်လိုက်ခြင်းပင်ဖြစ်သည်။
အေဒင် ၊ ယီမင် ၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ) အာရပ်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ယီမင်နိုင်ငံတွင် ၂၀၂၂ ခုနှစ် ပထမဆုံးလ(ဇန်နဝါရီလ) အတွင်း ပေါက်ကွဲမှုများကြောင့် လူပေါင်း ၃၆ ဦးထိသေဆုံးခဲ့ရကြောင်း ယီမင်အစိုးရတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။
ဂျေရုဆလမ်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံမှ ပစ်ခတ်ခဲ့ပြီး လေပေါ်တွင် ပေါက်ကွဲသွားခဲ့သော လေယာဉ်ပစ်ဒုံးကျည် ပစ်ခတ်မှုအား တုံ့ပြန်သောအနေဖြင့် အစ္စရေးနိုင်ငံက ဆီးရီးယားရှိ ပစ်မှတ်များကို ဖေဖော်ဝါရီ ၉ ရက်၌ ပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောခဲ့သည်။
ခါတွမ်း၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) ကုလားအုတ်လို အကောင်ကြီးကြီး တိရစ္ဆာန်တွေကို ဘယ်လို ရွှေ့ပြောင်းရသလဲဆိုတာ သင်မြင်ဖူးပါသလား။ ဆူဒန်နိုင်ငံ မြို့တော် ခါတွမ်းတွင် ဤကန္တရ သယ်ယူပို့ဆောင်ရေးယာဉ်ကြီးဖြစ်သည့် ကုလားအုတ်များကို ကရိန်းဝန်ချီစက်ဖြင့် မတင်ကာ အကြီးစားထရပ်ကားမှာ ထည့်ပြီး အိမ်နီးချင်း အီဂျစ်နိုင်ငံ၏ အဝေးတစ်နေရာသို့ တင်ပို့ရောင်းချကြသည်။ မွေးမြူရေးထုတ်ကုန်၏ ဝင်ငွေသည်...