Connect with us

Africa & Middle East

ကီရမ်ရှာလုံနယ်စပ်ဖြတ်ကျော်လမ်းမှတစ်ဆင့် ဂါဇာသို့ တရုတ်နိုင်ငံမှ လူသားချင်းစာနာမှုအကူအညီများ ရောက်ရှိ

အစ္စရေးနိုင်ငံနှင့် ဂါဇာကမ်းမြောင်ဒေသကြား ကီရန်ရှလုံနယ်စပ်၊ ဂါဇာဘက်ခြမ်းတွင် တရုတ်နိုင်ငံမှ ပံ့ပိုးကူညီသော လူသားချင်းစာနာထောက်ထားမှုအကူအညီများ တင်ဆောင်ထားသည့် ထရပ်ကားတစ်စီးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှု အကူအညီများ တင်ဆောင်ထားသော ထရပ်ကားတစ်စီးသည် ကီရမ်ရှာလုံနယ်စပ်ဖြတ်ကျော်လမ်းမှတစ်ဆင့် ဂါဇာကမ်းမြောင်ဒေသအတွင်း ဒီဇင်ဘာ ၁၇ ရက်က ဖြတ်သန်းဝင်ရောက်သွားခဲ့ကြောင်း သိရသည်။

အစ္စရေးနိုင်ငံနှင့် ဂါဇာကမ်းမြောင်ဒေသကြား ကီရန်ရှလုံနယ်စပ်၊ ဂါဇာဘက်ခြမ်းတွင် တရုတ်နိုင်ငံမှ ပံ့ပိုးကူညီသော လူသားချင်းစာနာထောက်ထားမှုအကူအညီများ တင်ဆောင်ထားသည့် ထရပ်ကားတစ်စီးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စရေးနိုင်ငံနှင့် ဂါဇာကမ်းမြောင်ဒေသကြား ကီရန်ရှလုံနယ်စပ်၊ ဂါဇာဘက်ခြမ်းတွင် တရုတ်နိုင်ငံမှ ပံ့ပိုးကူညီသော လူသားချင်းစာနာထောက်ထားမှုအကူအညီများ တင်ဆောင်ထားသည့် ထရပ်ကားတစ်စီးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စရေးနိုင်ငံနှင့် ဂါဇာကမ်းမြောင်ဒေသကြား ကီရန်ရှလုံနယ်စပ်၊ ဂါဇာဘက်ခြမ်းတွင် တရုတ်နိုင်ငံမှ ပံ့ပိုးကူညီသော လူသားချင်းစာနာထောက်ထားမှုအကူအညီများ တင်ဆောင်ထားသည့် ထရပ်ကားတစ်စီးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယင်းမှာ အစ္စရေးနှင့် ဟားမက်စ်ကြား အောက်တိုဘာ ၇ ရက်က ပဋိပက္ခစတင်ဖြစ်ပွားချိန်မှစ၍ အဆိုပါ လမ်းကြောင်းမှတစ်ဆင့် ပထမဆုံးဖြတ်သန်းသွားသော အကူအညီများလည်းဖြစ်သည်။

ကီရမ်ရှာလုံသည် အီဂျစ်၊ အစ္စရေးနှင့် ဂါဇာကမ်းမြောင်ဒေသ နယ်စပ်တွင် တည်ရှိပြီး ဂါဇာဒေသ အဝင်/အထွက် ကုန်စည်များ စီးဆင်းရာအဓိကလမ်းကြောင်းဖြစ်သည်။ အီဂျစ်နှင့် ဂါဇာကို ချိတ်ဆက်ထားသော ရာဖာလမ်းကြောင်းထက် ပိုမိုခရီးရောက်သော လမ်းကြောင်းဖြစ်သည့် ထိုနယ်စပ်ဖြတ်ကျော်လမ်းကို ပဋိပက္ခစတင်ဖြစ်ပွားပြီးမကြာမီ အစ္စရေးက ပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကီရမ်ရှာလုံနယ်စပ်ဖြတ်ကျော်လမ်းကို အစ္စရေးက ဒီဇင်ဘာ ၁၇ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ (Xinhua)

………………………………
(English Version)
Humanitarian aid from China reaches Gaza through Kerem Shalom border crossing
GAZA, Dec. 18 (Xinhua) — A truck loaded with humanitarian aid from China crossed into the Gaza Strip on Sunday via the Kerem Shalom border crossing.
It was among the first batches of aid going through this channel since the start of the conflict between Israel and Hamas on Oct. 7.
Kerem Shalom, located at the border of Egypt, Israel, and the Gaza Strip, serves as a key passage for the movement of goods in and out of Gaza. The crossing, which is a more efficient route than the Rafah crossing linking Egypt and Gaza, was closed by Israel soon after the start of the conflict.
Israel reopened the Kerem Shalom border crossing on Sunday.
Photo 1-4: A truck loaded with humanitarian aid supplies provided by China is seen on the Gaza side of the Kerem Shalom border crossing between Israel and the Gaza Strip, Dec. 17, 2023. (Photo by Yasser Qudih/Xinhua)