ကဘူးလ်၊မေ ၉ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ အနောက်ပိုင်းရှိ မိန်းကလေးသီးသန့်သင် အထက်တန်းကျောင်းတစ်ခု၏ ကျောင်းဝင်အပြင်ဘက်၌ ဖြစ်ပွားသော ပြင်းထန်သည့် ပေါက်ကွဲမှု သုံးခုအတွင်း သေဆုံးသူ ၅၀ ဦး နှင့် ဒဏ်ရာရသူ ၁၀၀ ကျော်အထိ မြင့်တက်လာခဲ့ကြောင်း အာဖဂန်ရဲတပ်ဖွဲ့က ကနေ့ မေ ၉ ရက်တွင်...
နိုင်ရိုဘီ ၊ မေ ၉ ရက်(ဆင်ဟွာ) ကင်ညာနိုင်ငံ ကမ်းရိုးတန်းမြို့ငယ် Lamu တွင် တရုတ်နိုင်ငံမှ တည်ဆောက်ထားသောပင်လယ်ဆိပ်ကမ်း၌ မေ ၂၀ ရက်တွင် ပထမဆုံး သင်္ဘော ဆိုက်ကပ်မည် ဖြစ်ကြောင်း ကင်ညာနိုင်ငံ အစိုးရက ပြောကြားခဲ့သည်။
ဂျူဘာ ၊ မေ ၉ ရက်(ဆင်ဟွာ) တောင်ဆူဒန်နိုင်ငံရှိ ကျန်းမာရေးဝန်ထမ်း အများအပြားသည် ဂျူဘာမြို့၌ တရုတ်ဘာသာစကား သင်ကြားရေးအတွက် ၈ သုတ်မြောက် ရောက်ရှိလာသော တရုတ်ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်များထံ မေ ၇ ရက်က စတင်စာရင်းပေးသွင်းခဲ့ကြကြောင်း သိရသည်။
တီဟီရန် ၊ မေ ၉ ရက်(ဆင်ဟွာ) ဂျေရုဆလမ်မြို့ အရှေ့ဘက်တွင် တည်ရှိသော Al-Aqsa ဗလီအား အစ္စရေးရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး နှစ်ဖက်ပဋိပက္ခအတွင်း လူ ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ခြင်းအပေါ် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့တွင် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချလိုက်သည်ဟု နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြခဲ့သည်။
ကဘူးလ်၊မေ ၉ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ အနောက်ပိုင်းတွင်တည်ရှိသော စာသင်ကျောင်းတစ်ခု၏ ကျောင်းဝင်အပြင်ဘက်၌ မေ ၈ ရက်က ပေါက်ကွဲမှု သုံးခု ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး လူ ၂၅ ဦးသေဆုံးကာ အခြား ၅၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြို့တော်ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။
ကဘူးလ်၊ မေ ၈ ရက် (ဆင်ဟွာ) ဒေသခံ တာလီဘန်ခေါင်းဆောင်တစ်ဦးအပါအဝင် တာလီဘန်စစ်သွေးကြွ ၄ ဦး သည် အာဖဂန်အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ (ANDSF) ၏ Logar ပြည်နယ်အရှေ့ဘက်၌ ထိုးစစ်ဆင်မှုအတွင်း သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက မေ ၈ ရက်တွင် အတည်ပြုခဲ့သည်။
ဘဂ္ဂဒက်၊ မေ ၇ ရက် (ဆင်ဟွာ) အီရတ်အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေး (CTS) အထူးတပ်ဖွဲ့ဝင်များက အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက် အနီးတွင် အစွန်းရောက် အိုင်အက်စ်အဖွဲ့၏ ဒေသခံခေါင်းဆောင် ၃ ဦး အား သတ်နိုင်ခဲ့ကြောင်း အီရန်စစ်တပ်က မေ ၆ ရက် တွင်ပြောသည်။
ဘရာဇာဗီလီ၊ မေ ၅ ရက် (ဆင်ဟွာ) ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Clement Mouamba သည် ၎င်း၏နုတ်ထွက်စာကို အစိုးရအဖွဲ့သမ္မတ Denis Sassou Nguesso ထံသို့ ဧပြီ ၅ ရက်တွင် ပေးအပ်ခဲ့ကြောင်း သမ္မတနှင့် နီးစပ်သော သတင်းအရင်းအမြစ်တစ်ခုမှ သိရသည်။ ဝန်ကြီးချုပ်၏ နုတ်ထွက်စာကို...
ကဘူးလ် ၊ မေ ၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက မေလ ၄ ရက် ထုတ်ပြန်ကြေညာချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစိုးရတပ်ဖွဲ့အနေဖြင့် တာလီဘန် လက်နက်ကိုင် ၁၈၁ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
ဆော်ပိုလို၊ မေ ၅ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ တောင်ပိုင်း ဆန်တာကာတာနီးယားပြည်နယ်ရှိ ကလေးထိန်းကျောင်းတစ်ခုတွင် မေ ၄ ရက် နံနက်ပိုင်းက ဓါးကိုင် အကြမ်းဖက်မှုဖြစ်ပွားခဲ့ရာ ကလေးငယ်(၃)ဦးနှင့် ဆရာ/ဆရာမ (၂)ဦး သေဆုံးခဲ့သည်။