Connect with us

Africa & Middle East

ဘရာဇီးနိုင်ငံ ရီယိုပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သေဆုံးသူ ၇၈ ဦးအထိ တိုးမြင့်လာ

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးပြည်နယ် ပီထရာပိုလစ် မြို့ ကပ်ဘေးသင့်နေရာအား ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပီထရာပိုလစ်၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုး ပြည်နယ် ကုန်တွင်းတောင်တန်းဒေသ ပီထရာပိုလစ်မြို့တွင် ဖေဖော်ဝါရီ ၁၅ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ တောင်ပြိုပြီး လမ်းအများအပြား မြစ်ရေဖုံးလွှမ်းခံခဲ့ရခြင်းကြောင့် လက်ရှိတွင်သေဆုံးသူ ၇၈ ဦးထိ မြင့်တက်လာကြောင်း ယင်းပြည်နယ် မီးသတ်တပ်ဖွဲ့က ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ကပ်ဘေးကြောင့် ပျောက်ဆုံးသူဦးရေ သည် လက်ရှိတွင် အတည်မပြုနိုင်သေးကြောင်း ရီယိုဒီဂျနေးရိုးပြည်နယ် မီးသတ်တပ်ဖွဲ့၏ ဖေဖော်ဝါရီ ၁၆ ရက် ညနေတွင် ပြောကြားခဲ့သည်။ ထို့အပြင် နေအိမ် ဒါဇင်နှင့်ချီ ပျက်စီးခဲ့ပြီး လူပေါင်း ၃၇၀ ကို ယာယီစခန်းသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးပြည်နယ် ပီထရာပိုလစ် မြို့ ကပ်ဘေးသင့်နေရာအား ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အချင်းဖြစ်ပွားပြီးနောက် ပီထရာပိုလစ်မြို့အစိုးရက မြို့တော်ပြည်သူ့ကပ်ဘေးအခြေအနေ ကြေညာခဲ့ပြီး ဆေးရုံအားလုံးအသင့်စောင့်ဆိုင်းနေရန် ညွှန်ကြားခဲ့သည်။
ပီထရာပိုလစ်မြို့ အရပ်ဘက်ကာကွယ်ရေးဌာနက ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းတွင် ယင်းဒေသ၌ မိုးသည်းထန်စွာ ရုတ်ခြည်းရွာသွန်းခဲ့ပြီး မိုးရေချိန်က ၆ နာရီအတွင်း ၂၆၀ မီလီမီတာနီးပါးအထိ လျင်မြန်စွာ မြင့်တက်ခဲ့ကြောင်း ဆိုသည်။ မိုးသည်းထန်မှုကြောင့် တောင်မြေပြိုမှု ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး လျှံတက်လာသည့် မြစ်ရေက ဆည်ရေကာတာကို ကျော်ကာ ကားနှင့်လမ်းအမြောက်အမြားအပေါ် ရေဖုံးလွှမ်းသွားခဲ့ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးပြည်နယ် ပီထရာပိုလစ် မြို့ ကပ်ဘေးသင့်နေရာအား ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးပြည်နယ် ပီထရာပိုလစ် မြို့ ကပ်ဘေးသင့်နေရာအား ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးပြည်နယ် ပီထရာပိုလစ် မြို့ ကပ်ဘေးသင့်နေရာအား ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးပြည်နယ် ပီထရာပိုလစ် မြို့ ကပ်ဘေးသင့်နေရာအား ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးပြည်နယ် ပီထရာပိုလစ် မြို့ ကပ်ဘေးသင့်နေရာအား ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးပြည်နယ် ပီထရာပိုလစ် မြို့ ကပ်ဘေးသင့်နေရာအား ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မြို့အတွင်း ရွှံ့နွံများဖုံးလွှမ်းနေပြီး အချို့ဆိုင်ခန်းနှင့်နေအိမ်များက ရွှံ့များပေကျံနေသလို ကားအများအပြား လုံးဝပျက်စီးနေသည်ကို ဖေဖော်ဝါရီ ၁၆ ရက်တွင် တွေ့မြင်ရသည်။ ဒေသနေပြည်သူတစ်ဦးက ၎င်း၏နေအိမ် လုံးဝပျက်စီးခဲ့ကြောင်း၊ တစ်ခါမျှ ထိုကဲ့သို့ကပ်ဘေးမျိုးမကြုံခဲ့ရဖူးကြောင်း ဆိုသည်။

ယခုဖြစ်ပွားသည့် ကပ်ဘေးကို ဂရုပြုကြောင်း၊ သက်ဆိုင်ရာဌာနများနှင့်ဆွေးနွေးပြီး နိုင်ငံသို့ပြန်ရောက်ပါက ကပ်ဘေးသင့်ဒေသသို့ ချက်ချင်းသွားရောက်မည် ဖြစ်ကြောင်း ရုရှားနိုင်ငံသို့ အလည်အပတ်ခရီးစဉ်ရောက်ရှိနေသည့် ဘရာဇီးသမ္မတဘိုဆိုနာရိုက ၎င်း၏ လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြထားသည်။ (Xinhua)

——————————————-
(Chinese Version)

(社会)巴西里约州暴雨灾害死亡人数升至78人

2022-02-17 08:39:48
新华社巴西彼得罗波利斯2月16日电(记者赵焱 陈威华)巴西里约热内卢州消防部门16日说,位于该州内陆山区的彼得罗波利斯市15日骤降暴雨引发多起山体滑坡,多条道路被暴涨的河水淹没,造成的死亡人数目前已升至78人。

里约热内卢州消防部门16日下午通报说,灾害造成的失踪者人数目前尚无法确认。此外,还有数十间房屋被毁,370人被转移到临时收容所。

灾害发生后,彼得罗波利斯市政府已宣布城市进入公共灾害状态,所有医院随时待命。
彼得罗波利斯市民防部门说,15日下午,当地骤降暴雨,降水量在6小时内迅速升至近260毫米。暴雨引发百余起山体滑坡事故。暴涨河水冲出堤坝,淹没许多车辆和道路。

记者16日在彼得罗波利斯市看到,很多道路被泥浆覆盖,一些商铺和住宅遭遇“泥浴”,很多车辆被完全损毁。一名当地居民说,自家房屋被完全损毁,自己“从未见过这样的灾害发生”。

正在俄罗斯访问的巴西总统博索纳罗在社交媒体上发文,对这场灾害表示关注,并称已与相关部长讨论灾情,希望回国后立即前往灾区。(完)
图说:这是2月16日在巴西里约热内卢州彼得罗波利斯市拍摄的灾后景象。新华社记者 王天聪 摄