Africa & Middle East
ဆီးရီးယားနိုင်ငံ Qamishli မြို့တွင် လူ ၃၁ ဦး သေဆုံးခဲ့သည့် အသေခံ ဗုံးဖောက်ခွဲမှုသည် အိုင်အက်စ် လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား
ဒမတ်စကတ်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)
ဇူလိုင်လ ၂၇ ရက်နေ့က ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Qamishli မြို့တွင် လူ ၃၁ ဦး သေဆုံးခဲ့သည့် အသေခံ ဗုံးဖောက်ခွဲမှုသည် ၎င်းတို့၏ လက်ချက် ဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က ထုတ်ဖော်ပြောကြားလိုက် သည်။
အိုင်အက်စ်တို့၏ တရားဝင် သတင်း အေဂျင်စီ ဖြစ်သော Amaq က ထုတ်ပြန်သည့် ကြေညာချက်တို တစ်စောင်တွင် အသေခံ ဗုံးဖောက်ခွဲမည့်သူ တစ်ဦးသည် ဖောက်ခွဲရေး ပစ္စည်းများ အပြည့် တင်ဆောင်ထား သည့် ထရပ်ကား တစ်စီးအား Qamishli မြို့ အနောက်ဘက် အိမ်နီးချင်းမြို့ဖြစ်သော အဆာရစ်ရှ်ရှိ ကာ့ဒစ်ရှ် လုံခြုံရေး တပ်ဖွဲ့များ၏ ခြံဝင်းအတွင်းသို့ မောင်းနှင်ကာ ဗုံးဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
Qamishli တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှု နှစ်ကြိမ်တွင် လူပေါင်း ၃၁ ဦး သေဆုံးခဲ့ပြီး လူ ၁၇၀ ကျော် ဒဏ်ရာရ ရှိခဲ့ကြောင်း National Syrian TV ၌ ဖော်ပြထားသည်။
သေဆုံးသူ အရေအတွက်မှာ ဆက်လက် မြင့်တက်ဖွယ် ရှိနေပြီး ကယ်ဆယ်ရေး အဖွဲ့များသည် လူအများပေါ် ပိမိနေသည့် အုတ်ကျိုးအုတ်ပဲ့များအား ဖယ်ရှားနေဆဲ ဖြစ်ကြောင်း သိရသည်။
Qamishli မြို့သည် ကာ့ဒ် လူမျိုးများ အကြီးအကျယ် ထိန်းချုပ်ထားသည့် နေရာဖြစ်သလို အမေရိကန် ကျောထောက်နောက်ခံ ပေးထားသော ကာ့ဒ် တိုက်ခိုက်ရေးသမားများနှင့် အိုင်အက်စ်တို့ အကြား ပဋိပက္ခများကြောင့် အိုင်အက်စ်များ၏ ထပ်ခါထပ်ခါ ဗုံးဖောက်ခွဲရန် ပစ်မှတ်ထားခံရသည့် နေရာလည်း ဖြစ်သည်။ (Xinhua)