Asia
တရုတ်-လာအိုရထားလမ်းတွင် အရှည်ဆုံးဥမင် ဖောက်လုပ်

ဗီယင်ကျန်း၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ်-လာအို ရထားလမ်း၌ ဥမင်များ တည်ဆောက်မှုတွင် နောက်ဆုံးအခက်အခဲ ကျော်လွှားမှုအဖြစ် ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းက လာအိုနိုင်ငံ မြောက်ပိုင်း အပူပိုင်းဒေသတောင်တန်းများတစ်လျှောက် အရှည်ဆုံးဥမင် ဖောက်လုပ်ခဲ့ကြောင်း သိရသည်။
တရုတ်အင်ဂျင်နီယားကုမ္ပဏီဖြစ်သော PowerChina Sinohydro Bureau 3 Co., LTD (Sinohydro 3) and Sinohydro 14 က မြို့တော် ဗီယင်ကျန်း၏မြောက်ဘက် ၁၇၀ ကီလိုမီတာခန့်ရှိသော ရှေးဟောင်းမြို့တော် လွမ်ပရာဘန်၏ တောင်ဘက်တွင် ၉,၃၈၄ မီတာရှည်လျားသည့် Ban Sen No.2 ဥမင်ကို ဒီဇင်ဘာ ၂၇ ရက်တွင် ဖောက်လုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရထားလမ်းဥမင်တည်ဆောက်မှုသည် နောက်ဆုံးအဆင့်လုပ်ငန်းခွင်သို့ ရောက်ရှိလာပြီဖြစ်သလို ယင်းမှာ တရုတ်-လာအို ရထားလမ်းတည်ဆောက်မှုတွင် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပြီး ရထားသံလမ်းခင်းခြင်းနှင့် ဘူတာရုံများ တည်ဆောက်ခြင်းများလည်း မကြာမီစတင်တော့မည်ဖြစ်သည်။
Ban Sen No.2 ဥမင်သည် လွမ်ပရာဘန်ပြည်နယ်၏ နယ်စပ်နှင့် ဗီယင်ကျန်းမြို့အကြား မတ်စောက်သော မြေပြင်အနေအထား၊ ရှုပ်ထွေးသော ဘူမိဗေဒအနေအထား၊ များပြားလှသော မြေအောက်ရေနှင့် တည်ဆောက်ရေးနှင့် သယ်ယူပို့ဆောင်ရေး အခြေအနေ ခက်ခဲသော အပူပိုင်းဒေသတောင်တန်းများကို ဖြတ်ကျော်ကာ ဖောက်လုပ်ထားခြင်း ဖြစ်သည်။
အဆိုပါ စီမံကိန်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် ပြီးစီးရန် လျာထားကာ ရထားသွားလာရန် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)