Connect with us

Asia

တရုတ်-လာအို ရထားလမ်း လျှပ်စစ်ဗို့အားမြင့် ဓာတ်အားလိုင်း ပထမပိုင်း တပ်ဆင်ပြီးစီး

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ တရုတ်-လာအို ရထားလမ်း တည်ဆောက်ရေးလုပ်ငန်းခွင်ကို မတ် ၂၇ ရက်က တွေ့ရစဉ် (Kaikeo Saiyasane/Xinhua)

ဗီယင်ကျန်း၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်းအတွက် လျှပ်စစ်ဗို့အားမြင့် ဓာတ်အားလိုင်း ပထမပိုင်း အောင်မြင်စွာ တပ်ဆင်ပြီးဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်းမှ မြောက်ဘက် ကီလိုမီတာ ၁၁၀ ခန့် အကွာ၊ Vangvieng မြို့ရှိ Ban Phonkok အမှတ် ၁ ဥမင်တစ်လျှောက် တပ်ဆင်ခြင်းလုပ်ငန်းများ အောက်တိုဘာ ၂၈ ရက်က ပြီးစီးခဲ့ကြောင်း တရုတ်-လာအို ရထားလမ်းတွင် စက်မှုနှင့် လျှပ်စစ် (M & E ) အင်ဂျင်နီယာလုပ်ငန်းများ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် China Railway Wuhan Electrification Engineering Group Co., Ltd. (WEED) က အောက်တိုဘာ၃၀ ရက်တွင် ဆင်ဟွာသို့ ပြောဆိုခဲ့သည်။

ဗို့အားမြင့် လျှပ်စစ်ဓာတ်အားလိုင်း တပ်ဆင်မှုသည် ဥမင်အတွင်း အလင်းရောင်ရရှိစေရန်နှင့် ရထားလမ်းတစ်ခုလုံးအတွက် လျှပ်စစ်စွမ်းအင်ထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။

ကေဘယ်လ်တပ်ဆင်မှုချောမွေ့သေချာစေရန်အလို့ငှာ WEEG တရုတ်-လာအို ရထားလမ်းစီမံကိန်း စီမံခန့်ခွဲမှုအဖွဲ့မှ ဝန်ထမ်းများသည် ၅,၇၃၆မီတာ အရှည်ရှိသော ကေဘယ်လ် ပထမပိုင်းကို ၅နာရီအတွင်း နေရာတကျ တပ်ဆင်ရန် အရင်းအမြစ်များစွာဖြင့် ခွဲဝေတပ်ဆင်မှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ရထားလမ်းအတွက် M & E အင်ဂျင်နီယာလုပ်ငန်းများတွင် ၃၇၃.၅ ကီလိုမီတာရှိသော လျှပ်စစ်ဗို့အားမြင့်ကေဘယ်လ် ၊ ၂၂၃ ကီလိုမီတာ ဗို့အားနိမ့်ကေဘယ်လ် ၊ ပြင်ပစွမ်းအင်ကွန်ရက် ၇ ခု၊ ဗို့အားနိမ့်ဓာတ်အားခွဲရုံ ၃၂ ခု၊ ဓာတ်အားပေးဝေရေးဓာတ်အားခွဲရုံ ၈ ခုနှင့် box-type ဓာတ်အားခွဲရုံ ၁၇၆ ခု ပါဝင်ကြောင်း သိရသည်။

WEEG က ရထားလမ်း၏ ဝေဟင်လျှပ်စစ်ဓာတ်အားလိုင်း ဆက်သွယ်ရေးအတွက် ပထမဆုံး အင်ဂျင်နီးယားရင်းတိုင်ကို မတ်လ ၁၅ ရက် တွင်တည်ဆောက်ခဲ့ပြီး လာအိုနိုင်ငံ၌ အင်ဂျင်နီယာရင်းလုပ်ငန်းများ စတင်ခဲ့သည်။

တရုတ်အင်ဂျင်နီယားရင်းကုမ္ပဏီသည် စီစဉ်ထားသည့်အတိုင်း စီမံကိန်းကို စတင်နိုင်ရန်အတွက် COVID-19 ကပ်ရောဂါ ကာကွယ်ရေးနှင့် တည်ဆောက်ရေးပြင်ဆင်မှုအပိုင်းကိုလည်း တစ်ပြိုင်နက်တည်း ကိုင်တွယ်လုပ်ဆောင်နိုင်ရန် စီမဲခန့်ခွဲခဲ့ကြောင်း သိရသည်။

တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံက အဆိုပြုထားသည် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုမှုနှင့် ကုန်းတွင်းပိတ်နိုင်ငံမှ ကုန်တွင်း ချိတ်ဆက်မှုဗဟိုချက်တစ်ခုသို့ ပြောင်းလဲမည့် လာအိုနိုင်ငံ၏ မဟာဗျူဟာ အကြား ပေါင်းစည်းချိတ်ဆက်နေသည့် မဟာဗျူဟာမြောက်စီမံကိန်းတစ်ခု ဖြစ်သည်။

ဥမင်များ၊ တံတားများနှင့် အရှည် ၄၂၂ ကီလိုမီတာရှိသော ရထားလမ်းသည် တရုတ်နိုင်ငံ နယ်စပ်၊ လာအိုနိုင်ငံ မြောက်ပိုင်း Boten နယ်စပ်ဂိတ်မှ ဗီယင်ကျန်းမြို့သို့ အမြန်နှုန်း တစ်နာရီလျှင် ၁၆၀ ကီလိုမီတာဖြင့် ပြေးဆွဲမည်ဖြစ်သည်။

ခရီးသည်နှင့် ကုန်တင်လျှပ်စစ်ရထားလမ်းကို တရုတ်နိုင်ငံ စီမံခန့်ခွဲမှုနှင့် နည်းပညာစံနှုန်း အပြည့်အဝဖြင့် တည်ဆောက်လျက်ရှိသည်။

အဆိုပါ စီမံကိန်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးကာ ဖြတ်သန်းသွားလာရန်အတွက် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.