Connect with us

Asia

ဗီယက်နမ်နိုင်ငံတွင် Molave တိုင်ဖွန်းမုန်တိုင်းကြောင့် လူ ၂၃ ဦးသေဆုံးပြီး ၄၇ ဦးပျောက်ဆုံးနေ

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း Thua Thien-Hue ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ရေဖုံးလွှမ်းသည့်နေရာကို အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- VNA via Xinhua)

ဟနွိုင်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းနှင့် အလယ်ပိုင်းကုန်းမြင့်ဒေသများတွင် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ယခုအခါအားလျော့သွားပြီဖြစ်သော Molave တိုင်ဖွန်းမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၂၉ ရက် ညပိုင်းအထိ လူ ၂၃ ဦးသေဆုံးကာ ၄၇ ဦး ပျောက်ဆုံး၍ ၄၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်၊ ထိန်းချုပ်ရေး ဗဟိုဦးဆောင်ကော်မတီက အောက်တိုဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

သေဆုံးသူများသည် Quang Nam ၊ Dak Lak နှင့် Gia Lai ပြည်နယ်များမှဖြစ်ပြီး ပျောက်ဆုံးသူများနှင့် ဒဏ်ရာရသူများမှာ Quang Nam နှင့် Binh Dinh ပြည်နယ်များမှဖြစ်ကြောင်း ကော်မတီက ဆိုသည်။

ထို့နောက် လျှပ်စစ်မီးတိုင် ၁၀၀ ကျော်နှင့် သစ်ပင် ၈,၈၀၀ နီးပါး၊ စပါးနှင့် အခြားကောက်ပဲသီးနှံစိုက်ခင်း ဟက်တာ ၅,၅၀၀ ခန့်၊ အမျိုးသား အဝေးပြေးလမ်းမကြီးအချို့နှင့် ဒေသတွင်းလမ်းမများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

Quang Nam ၊ Thua Thien Hue နှင့် Quang Ngai အပါအဝင် ပြည်နယ်များတွင် အောက်တိုဘာ ၂၇ ရက်မှ ၂၉ ရက်အထိ မိုးသည်းထန်ရွာသွန်းခဲ့ပြီး အချို့နေရာများတွင် မိုးရေချိန် ၅၆၃ မီလီမီတာရှိကြောင်း ကော်မတီက ဆိုသည်။

ဗီယက်နမ်နိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း တိုက်ခတ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းများအနက် အပြင်းထန်ဆုံးဖြစ်သော Molave မုန်တိုင်းကြောင့် ကယ်ဆယ်ရေး နှင့် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ဒေသခံများကို ကူညီရန် တပ်ဖွဲ့ဝင် ၆,၂၆၀ ဦးတို့လည်း ပူးပေါင်းပါဝင်လျက်ရှိသည်။
Molave မုန်တိုင်းသည် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းဒေသများတွင် အောက်တိုဘာ ၂၈ ရက်က ဝင်ရောက်ခဲ့ပြီး မိုးသည်းထန်မှုနှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ကော်မတီက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.