Asia
ပါပူဝါနယူးဂီနီနိုင်ငံ၌ ပြင်းအား ၆.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်
ဟောင်ကောင် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)
ပါပူဝါနယူးဂီနီနိုင်ငံ Taron မြို့၏ အရှေ့တောင်ဘက် ၄၂ ကီလိုမီတာ အကွာ၌ ဗဟိုပြု၍ ယနေ့(ဇူလိုင်လ ၁၃ ရက်) ဂရင်းနစ်စံတော်ချိန် ၀၃၃၆၁၁ အချိန်တွင် ပြင်းအား ၆.၇ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးဌာန က ဆိုသည်။
အဆိုပါ ငလျင်သည် မြေအောက် အနက် ၃၃.၀ ကီလိုမီတာ၌ ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း နှင့် အရှေ့လောင်ဂျီကျူ့၁၅၃.၁၆ ဒီဂရီ နှင့် တောင်လတ္တီကျူ့၄.၈၃၃၉ ဒီဂရီအကြားတွင် လှုပ်ခတ်ခဲ့ကြောင်း ကနဦး သတင်းများအရ သိရသည်။(Xinhua)