Connect with us

Asia

သီရိလင်္ကာ သမ္မတက ဘင်္ဂလားဒေ့ရှ်သို့ သုံးရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်

သီရိလင်္ကာနိုင်ငံ သမ္မတ Maithripala Sirisena အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကိုလံဘို၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ သမ္မတ Maithripala Sirisena သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟတ်စီနာ၏ ဖိတ်ကြားချက်ဖြင့် သုံးရက်ကြာ ချစ်ကြည်ရေးခရီးအဖြစ် ဇူလိုင်လ ၁၃ ရက်က ထွက်ခွာခဲ့ကြောင်း သိရသည်။

ခရီးစဉ်အတွင်း သမ္မတ Sirisena သည် ဘင်္ဂလားဒေ့ရှ် သမ္မတ၊ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ ကျန်းမာရေး ဝန်ကြီး၊ လွှတ်တော် ဥက္ကဋ္ဌနှင့် အတိုက်အခံ ခေါင်းဆောင်တို့နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ကိုယ်စား ၇၃ ဦးပါ အဖွဲ့အား ဦးဆောင်လာသည့် Sirisena က နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေး ဦးတည်ကာ ပင်လယ်ရေကြောင်း၊ ပညာရေး၊ ခရီးသွားလုပ်ငန်း၊ ရေလုပ်ငန်းနှင့် ကျန်းမာရေး စသည့် ကဏ္ဍများတွင် ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းများကို နှစ်နိုင်ငံ ကျယ်ပြန့်စွာ ဆွေးနွေးမှုများ ပြုလုပ်ရန် မျှော်လင့်ထားသည်ဟု ဆိုသည်။

ထို့ပြင် နှစ်နိုင်ငံအနေဖြင့် သဘောတူညီချက် ၁၀ ခုအား လက်မှတ်ရေးထိုးရန်လည်း မျှော်လင့်ထားသည်။

ယခု ချစ်ကြည်ရေး ခရီးစဉ်သည် Sirisena သမ္မတ အဖြစ် ရွေးချယ်ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နို်င်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်း ဖြစ်သည်။ ၎င်းသည် ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ၂၀၁၃ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်တွင် တစ်ကြိမ် သွားရောက်ခဲ့ဖူးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117