Connect with us

Asia

ပျက်ကျ ပါကစ္စတန်ရဟတ်ယာဉ်မှူးများအား တာလီဘန်တို့ပြန်လွှတ်ပေး

တာလီဘန်ထိန်းချုပ်ရာနယ်မြေအတွင်း ပျက်ကျသွားသော ရဟတ်ယာဉ် တစ်စင်း အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

အစ္စလမ်မာဘတ် ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)

လွန်ခဲ့သော ရက်သတ္တပတ်က တာလီဘန်တို့ထိန်းချုပ်ရာနေမြေ၌ ပါကစ္စတန် ရဟတ်ယာဉ်ပျက်ကျရာမှ တာလီဘန်တို့၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် ရုရှားနိုင်ငံသားတစ်ဦး အပါအဝင် ရဟတ်ယာဉ်အမှုထမ်း ၆ ဦးကို တာလီဘန်တို့ကပြန်လည်လွှတ်ပေးလိုက်ပြီးဖြစ်ကြောင်း တာဝန်ရှိသူများက သြဂုတ် ၁၃ ရက်တွင်ပြောကြားသည်။

အဆိုပါ ရဟတ်ယာဉ်သည် ပြင်ဆင်ရန်အတွက် သြဂုတ်လ ၄ ရက်က ဥဇဘတ်ကစ္စတန်နိုင်ငံကို ဖြတ်၍ ရုရှားနိုင်ငံသို့ သွားရန် ဦးတည်ပျံသန်းလာစဉ် အာဖဂန်နစ္စတန်နိုင်ငံ Logar ပြည်နယ်အတွင်းပျက်ကျခဲ့ရာ ရဟတ်ယာဉ်ပေါ်လိုက်ပါလာသူများမှာ တာလီဘန်တို့၏ ဖမ်းဆီးခြင်းခံလိုက်ရသည်။ နောက်ပိုင်းတွင် အဆိုပါ ဓားစာခံများအား နယ်မြေခံ လူမျိုးစုအကြီးအကဲထံသို့လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
“ရဟတ်ယာဉ်အမှုထမ်းအားလုံးကို သြဂုတ် ၁၃ ရက်က ပြန်လွှတ်ပေးလိုက်ပြီးဆိုတာကို အတည်ပြုနိုင်ပါတယ်”ဟု လုံခြုံရေးအရာရှိတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ပြောကြားသည်။အဆိုပါ ရဟတ်ယာဉ်မှူးများကို Jirga လူမျိုးစုအကြီးအကဲ(သို့မဟုတ်) အာဖဂန်နစ္စတန်နယ်စပ်ရှိ Kurram မျိုးနွယ်စုခေါင်းဆောင်မှတဆင့် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ လွတ်မြောက်လာသူအားလုံး အစ္စလမ်မာဘတ်ကို ပြန်ရောက်နေပါပြီ။ မိသားစုဝင်တွေနဲ့ပြန်တွေ့နေကြပါပြီ” ဟု တာဝန်ရှိသူများက ဆိုသည်။
ဓားစားခံများလွတ်မြောက်ရေးအတွက် ပါကစ္စတန်မျိုးနွယ်စုအကြီးအကဲက တာလီဘန်မျိုးနွယ်စု ခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ရကြောင်း Kurram သတင်းအေဂျင်စီက ဆင်ဟွာသို့ပြောကြားခဲ့သည်။
အဆိုပါ ဖမ်းဆီးခံထားရသူများ ဘေးကင်းလုံခြုံစွာ လွတ်မြောက်နိုင်ရေးအတွက် ပါကစ္စတန်ခေါင်းဆောင်များသည် အာဖဂန်အစိုးရတာဝန်ရှိသူများ နှင့် နိုင်ငံခြားထိပ်တန်းတပ်မှူးများအား အနီးကပ်ပြောဆိုညှိနှိုင်းမှုများလည်း ဆောင်ရွက်ခဲ့ရကြောင်းသိရသည်။
Mi-17 ထောက်ပို့ရဟတ်ယာဉ်သည် စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် တောင်ထူထပ်သည့် Logar ပြည်နယ် Azra ခရိုင်တွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.