Connect with us

Asia

G20နှင့်BRICS ဆွေးနွေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး တရုတ်နှင့်အိန္ဒိယ နှစ်နိုင်ငံ အပြန်အလှန် အားပေးထောက်ခံ

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိ(ဝဲ) နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ(ယာ)တို့အားတွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)

G20 နှင့် BRICS ထိပ်သီးဆွေးနွေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး တရုတ်-အိန္ဒိယနှစ်နိုင်ငံ အပြန်အလှန်အားပေးထောက်ခံကြရန်သြဂုတ်လ ၁၃ ရက်က အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီ နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့တွေ့ဆုံစဉ် သဘောတူညီခဲ့ကြကြောင်းသိရသည်။

ထိုသို့တွေ့ဆုံစဉ် အိန္ဒိယဝန်ကြီးချုပ်က ၂ဝ၁၆ ခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံ Hangzhou တွင် ကျင်းပမည့် G20 ထိပ်သီးဆွေးနွေးပွဲ နှင့် အောက်တိုဘာလတွင် အိန္ဒိယနိုင်ငံ ဂိုအာမြို့တွင်ကျင်းပမည့် BRICS ဆွေးနွေးပွဲများ အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် တရုတ်-အိန္ဒိယနှစ်နိုင်ငံကြား ဆက်သွယ်ရေးကဏ္ဍများတိုးမြှင့်လုပ်ကိုင်ရန် နှင့် နှစ်ဖက် အပြန်အလှန်အားပေးထောက်ခံမှုများပြုလုပ်ရန် လိုအပ်နေကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မိုဒီက G20 နှင့် BRICS ဆွေးနွေးပွဲများအပါအဝင် တရုတ်-အိန္ဒိယနှစ်နိုင်ငံ အနာဂတ် ဖွံံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး နှစ်ဖက်ခေါင်းဆောင်များအကြား ရင်းနှီးချစ်ခင်မှု နှင့်အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။ အခြားဖွံ့ဖြိုးဆဲနိုင်ငံများအား ကူညီထောက်ပံ့နိုင်ရန် တရုတ်-အိန္ဒိယ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း မိုဒီက ဖြည့်စွက်ပြောကြားသည်။
မကြာသေးမီနှစ်များက ရရှိခဲ့သည့် တရုတ်-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေး အရှိန်အဟုန်ကောင်းများကို ဆက်လက်ထိန်းသိမ်းသွားရန် နှင့် ကွဲပြားခြားနားမှုများရှိနေလင့်ကစား နှစ်နိုင်ငံ ဘုံအကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်လုပ်ကိုင်သွားရန် လိုအပ်ကြောင်း ယင်းတွေ့ဆုံပွဲတွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က ဆိုသည်။
ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးက လက်ရှိတွင် ကမ္ဘာ့စီးပွားရေးသည် စိန်ခေါ်မှုများ နှင့် ကြုံတွေ့နေရသော်လည်း G20 ဆွေးနွေးပွဲ နှင့် BRICS ဆွေးနွေးပွဲများကို အောင်မြင်စွာကျင်းပသွားရန် အလွန်အရေးကြီးကြောင်း ပြောကြားသည်။ထို့ပြင် တရုတ်- အိန္ဒိယနှစ်နိုင်ငံ အပြန်အလှန်အားပေးထောက်ခံရေးတိုးမြှင့်ရန်လည်း တရုတ်နိုင်ငံက ဆန္ဒရှိပါကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.